--------------------------------------------------------
ကျွန်တော်တို့ Computer တွေ သုံးတာကြာလာတာနဲ့အမျှ Windows တွေမှာ မလိုအပ်တဲ့ Data တွေ၊ ခဏသိမ်းထားတဲ့ Temporary File တွေဟာများများလာပါတယ် အဲ့ဒီ File တွေက Hardisk ထဲမှာ နေရာယူတာတွေများလာရင် Hardiskနေရာလွတ်တွေမကျန်တော့တဲ့အပြင် မိမိComputer ဟာလည်း လေးလံလာပြီး ကွန်ပျူတာသုံးလို့ မကောင်းတော့တာတွေဖြစ်လာတတ်ပါတယ်
ဒါတွေကို၊ Delete လုပ်ဖို့အတွက် ကွန်တော်တို့ ကွန်ပျူတာမှာ Windows တင်ကတည်းက Disk Cleanup ဆိုတဲ့ Tool တစ်ခု အစကတည်းက ပါလာပြီးသားပါ။
ကဲစလိုက်ကြရအောင်... ပထမဆုံး My Computer ကိုဖွင့် ကိုယ် Clean လုပ်ချင်တဲ့ Drive ကို ရွေးပြီး ( ဥပမာ C- Drive ) Right-Click နှိပ်၊ Properties ထဲကိုဝင်လိုက်ပါ။
( Drive - ဆိုတာက Computer မှာ Partition ပိုင်းထားတဲ့ C , D , E , စသည်ကိုဆိုလိုပါသည်၊ ) Box လေးတစ်ခုပွင့်လာပါလိမ့်မယ် အဲ့ Box ထဲမှာ Disk Cleanup ဆိုတာကို Click လိုက်ရင် Windows က မလိုအပ်တဲ့ Data တွေ၊ Temporary File ကိုဖျက်လို့ရမယ့် ဘောက်ပွင့်လာပါလိမ့်မယ် အဲ့ Box မှာ မိမိဖျက်ချင်တာတွေကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ...
( Temporaray File ၊ Log File၊ Recycle bin ထဲကFile တွေနဲ့ တခြားအရေးမကြီးတဲ့ File တွေကို ဖျက်ပစ်နိုင်ပါတယ် )
ထပ်ပြီး အောက်နားက Cleanup System files ဆိုတဲ့စာကြောင်းကို နှိပ်ဝင်လိုက်ပါ ထပ်ပွင့်လာတဲ့ Box မှာလည်း မိမိဖျက်ချင်တာတွေကို အမှန်ခြစ်ပေးပြီး . Ok ကို နှိပ် Delete File ကို နှိပ်ပေးပြီး Hardisk ကို Cleaning ပြုလုပ်ပေးနိုင်ပါတယ်...။
(C . Drive ကို Clean လုပ်ပြီးရင် ကျန်တဲ့ D, E, F စတဲ့ Drive- တွေ အကုန်လုံးကို တစ်ခုချင်းစီး နှိပ်ပေးပြီး Cleaning ပြုလုပ်ပေးနိုင်ပါတယ်..။
ဒီလောက်ဆိုရင် Computer Hardisk ကို Cleaning ပြုလုပ်နည်းရေးတာ ပြည့်စုံလောက်ပြီလို့ ထင်ပါတယ်....။
နောက်လာမည် Post မှာ Disk Defragmenter လုပ်နည်းကို တင်ပေးပါမယ်။
No comments:
Post a Comment
မင်္ဂလာပါ..