menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone ပျောက်ရင် လုပ်ဆောင်ရမည့်အချက်များ


ဘယ်သူမဆို မိမိတို့ရဲ့ တန်ဖိုးကြီး iPhone ပျောက်ဆုံးသွားလျှင် ရုတ်တရက်တော့ စိတ်ဒုက္ခ အနည်းနဲ့အများဆိုသလို ဖြစ်ကြမှာပါပဲ .. ဖုန်းပိုင်ရှင်အနေဖြင့် ပျောက်ဆုံးသွားတဲ့ မိမိဖုန်းရဲ့ Battery အားကုန်သွားမှာ ၊ ဖုန်းပိတ်ထားလိုက်မှာကို ပိုမိုစိုးရိမ်စိတ် ဝင်နေကြမယ်လို့လဲ ထင်ပါတယ် .. ဒါပေမယ့် အခုတော့ ဖုန်းပိုင်ရှင်များအနေဖြင့် အသက်ဝဝရှူလို့ ရပါပြီ .. ဘာကြောင့်လဲဆိုတော့ ပျောက်ဆုံးသွားတဲ့ ဖုန်းမှာ Battery အားကုန်သွားတာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ် အဆိုပါအခြေအနေမျိုးမှာတောင် ပျောက်ဆုံးသွားတဲ့ ဖုန်းကို track လုပ်လို့ ရနေလို့ပဲ ဖြစ်ပါတယ် ..

အားမရှိတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်းကို ပြန်ရှာလို့ ရတယ်ဆိုလို့ ခင်ဗျားတို့ ခေါင်းထဲ ရှုပ်ထွေးသွားပြီလား ?

အဲဒီအတွက် အဖြေက ရှိနေပြီးသားပါ ..

Battery ကုန်သွားတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်း ဖြစ်ပါစေဦးတော့ နောက်ဆုံးပျောက်သွားခဲ့တဲ့ နေရာကို ပြန်ရှာနိုင်တဲ့အစွမ်း ကျွန်တော်တို့ iCloud ကြီးက ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ် ..

ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ ..


ခင်ဗျားတို့အနေနဲ့ iCloud ကို Sign in လုပ်ထားပြီး ၊ ” Find My iPhone ” ကို အမြဲတမ်း On ထားဖို့တော့ လိုမယ်နော် ..

How to find your iPhone …

ခင်ဗျားတို့ရဲ့ iPhone မှာ ” Find My iPhone ” ကို On ထားပြီးသားဆိုရင်တော့ အလုပ်က တစ်ဝက်ပြီးနေပြီလို့တောင် ဆိုရမှာပါပဲ .. ဖုန်းမှာ အားမရှိ ၊ ဖုန်းပိတ်ထားတယ် ဆိုရင်တောင် အောက်မှာဖော်ပြမယ့် အချက်အလက်များက ခင်ဗျားတို့အတွက် အလွန့်အလွန်ကို အထောက်အကူ ဖြစ်စေမှာပါ ..

Battery အားမရှိဘူး ဆိုရင်တောင် iPhone အနေဖြင့် နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို send လုပ်လို့ ရနိုင်ပါတယ် .. အဲဒီအတွက် ” Send Last Location ” ကို enable လုပ်ပေးထားဖို့တော့ လိုပါမယ် ..

ကဲ .. ဘယ်လိုလုပ်ထားရမလဲဆိုတာကို ပြောပြပါမယ် ..

Setting ကို ဝင်လိုက်ပါ ..

iCloud ကို ဝင်ပါ ..

Find My iPhone ကို နှိပ်လိုက်ပါ ..

Find My iPhone ထဲကို ရောက်ပြီဆိုလျှင် ” Send Last Location ” ကို On ပေးထားရပါမယ် ..



ပျောက်ဆုံးသွားတဲ့ iPhone ကို အခြား iPhone တစ်လုံးကို အသုံးပြုပြီး ဘယ်လို ရှာမလဲ ?

ခင်ဗျားရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အပေါင်းအသင်းများ၏ iPhone ဒါမှမဟုတ် iPad ဖြင့် ပျောက်သွားတဲ့ iPhone ရဲ့ တည်နေရာကို ရှာလို့ရတဲ့ နည်းလမ်း ရှိပါတယ် ..

အဲဒီဖုန်း ( or ) iPad ထဲက

Find iPhone App ကို ဝင်လိုက်ပါ ..

ဒါက ခင်ဗျားရဲ့ iPhone , iPad မဟုတ်တဲ့အတွက် ညာဖက်အပေါ်နားက Sign Out ကို နှိပ်လိုက်ရပါမယ် ..

အခု ခင်ဗျားရဲ့ ID နဲ့ Sign In လုပ်ရပါမယ် ..

ID ကို Sign In လုပ်ပြီး သွားပြီဆိုတော့ အဲဒီမှာ ခင်ဗျားရဲ့ iDevice တွေ ပေါ်လာပါလိမ့်မယ် .. ပျောက်သွားတဲ့ iPhone ကို ရွေးပေးရပါမယ် .. နှိပ်ရမယ်ပေါ့ဗျာ

ပျောက်သွားတဲ့ iPhone ရဲ့ နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာကို မြေပုံပေါ်မှာ Big dot ( အစက်ကြီးကြီး ) တစ်ခုနဲ့ ဖော်ပြပေးပါလိမ့်မယ် ..

ခင်ဗျားရဲ့ လက်ချောင်းလေးများဖြင့် location ကို အနီးကပ် Zoom ဆွဲယူပြီး ကြည့်ရှုလိုက်ပါ ..

အခုအောက်မှာရှိတဲ့ Actions ကို နှိပ်ပြီး ခင်ဗျားဘာလုပ်ချင်လဲ လုပ်လို့ ရပါပြီ ( Play Sound , Lost Mode and Erase iPhone )

မှတ်ချက် >> ဖုန်းပိတ်နေတယ်ဆိုရင်တောင် Find My iPhone feature က ပျောက်သွားတဲ့ iPhone ရဲ့ နေရာကို ဆက်ပြီး ရှာဖွေပေးနေမှာ ဖြစ်ပါတယ် ..



ပျောက်ဆုံးသွားတဲ့ iPhone ကို ကွန်ပျူတာဖြင့် ဘယ်လိုရှာမလဲ ?

အပေါ်က နည်းလမ်းနဲ့ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင် ကွန်ပျူတာနဲ့ ရှာဖွေလို့ရတဲ့ နည်းလမ်း ရှိပါသေးတယ် ..

ကွန်ပျူတာရဲ့ Browser မှနေပြီး iCloud.com ကို သွားပါ ..

Apple ID နဲ့ Sign In ဝင်လိုက်ပါ ..

iCloud ထဲကို ရောက်ပြီဆိုရင် ” Find My iPhone ” App icon ကို နှိပ်လိုက်ပါ ..

ခင်ဗျားရဲ့ iDevice များကို တွေ့ရပြီဆိုရင် ပျောက်သွားတဲ့ iPhone ကို ရွေးပြီး နှိပ်လိုက်ပါ ..

ကဲ .. ဒါဆို ခင်ဗျားဘာတွေ ဆက်လုပ်ရမလဲဆိုတာကို သိပါပြီနော် ( မသိရင် အပေါ်ကဟာကို ပြန်ဖတ်ကြည့် )

မှတ်ချက် >> ဖုန်းပိတ်နေတယ် ဆိုရင်တောင် ပျောက်ဆုံးသွားတဲ့ဖုန်း ဘယ်နေရာမှာ ရှိနေခဲ့လဲဆိုတာကို မြေပုံပေါ်မှာ ပြပေးသွားနိုင်ပါတယ် ..

What is Lost Mode ?

” Find My iPhone ” ကို အသုံးပြုထားမယ်ဆိုလျှင် သူ့ရဲ့ အခြား option တစ်ခုဖြစ်တဲ့ ” Lost Mode ” ကိုလဲ သိထားသင့်ပါတယ် ..

Lost Mode ကို enabled လုပ်လိုက်မယ်ဆိုလျှင် ပျောက်သွားတဲ့ iPhone ကို Lock လုပ်ပေးလိုက်မည် ဖြစ်ပြီး ၊ အဆိုပါ ဖုန်းရဲ့ Display Screen ပေါ်မှာ ဖုန်းနံပါတ်တစ်ခုနဲ့ Custom message တစ်စောင် သွားပေါ်နေမှာ ဖြစ်ပါတယ် .. ခင်ဗျားကိုယ်တိုင် ဖုန်းကို ပြန်ရပြီး Lost Mode ကို disable လုပ်ပေးမှသာ ဒီစာတွေက ပျောက်သွားမှာ ဖြစ်ပါတယ် ..

တစ်ခုရှိတာက Lost Mode ဟာ iPhone ရဲ့ Battery life ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်ပါတယ် .. ဘာကြောင့်လဲဆိုတော့ internet ဖြင့် သူ့ဘာသာ ချိတ်ဆက်နိုင်လို့ ဖြစ်ပါတယ် .. ခင်ဗျားရဲ့ ဖုန်းမှာ Battery အား အနည်းငယ်ရှိနေဦးမယ် ဆိုရင်တော့ အခြား options များကို အသုံးပြုတာထက် ” Lost Mode ” ကို အသုံးပြုဖို့အတွက် ကျွန်တော်တို့ အကြံပြုချင်ပါတယ် ..

Lost Mode ကို အသုံးပြုဖို့အတွက် …

Find iPhone App ကို ဝင်ပါ ..

ပျောက်ဆုံးသွားတဲ့ ဖုန်းကို နှိပ်ပါ ..

Lost Mode ကို နှိပ်ပါ ( Turn On Lost Mode ဆက်ပြီး နှိပ်ပါ )

ပျောက်သွားတဲ့ ဖုန်းရဲ့ Lock Screen မှာ ပေါ်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်သလို စာရိုက်ထည့်ပေးပါ ..

Done ကို နှိပ်ပါ

မှတ်ချက် >> ခင်ဗျားရဲ့ ဖုန်းကို ပြန်ပြီး ရှာတွေ့လို့ password ဖြင့် unlock ပြုလုပ်ပြီး Lost Mode ကနေ ထွက်လို့ ရပါတယ် ..

What is Play sound ?

Play sound – ဖုန်းသည် Silent or Vibrate အနေအထား ဖြစ်နေသည့်တိုင် ကျယ်လောင်ပြီး ကြားနိုင်လောက်မည့် Tone အသံ ထွက်ပေါ်လာပါလိမ့်မည် .. ဒီ option ကိုတော့ ခင်ဗျားတို့ရဲ့ အိမ်အနီးအနား ဝန်းကျင်မျိုးတွင် iPhone or iPad ပျောက်သွားခဲ့ပါက အသုံးပြုသင့်ပါတယ် ..

What is Erase ?

Erase – ခင်ဗျားအနေဖြင့် ပျောက်ဆုံးသွားတဲ့ iDevice ကို ပြန်မရနိုင်တော့ဘူး ဒါမှမဟုတ် အဲဒီအထဲမှာ ရှိနေတဲ့ Data တွေကို တစ်စုံတစ်ဦးမှ ရယူ အသုံးပြုသွားမှာ စိုးလို့ စသည်ဖြင့် အဲဒီလို အနေအထားမျိုး ဆိုရင်တော့ ခင်ဗျားရဲ့ informations များကို အကာအကွယ် ဖြစ်ရန်အတွက် ကျိန်းသေ ဒီနည်းဖြင့် Delete လုပ်ပစ် ရပါမယ် ..

Find My iPhone ကို enable မလုပ်ထားဘူးဆိုရင် ဘယ်လိုရှာရမလဲ ?

ဒီလို အခြေအနေမျိုးမှာ ဆိုရင်တောင် ခင်ဗျားအနေဖြင့် Google Maps ကို အသုံးပြုပြီး ရှာလို့ ရပါသေးတယ် .. ဒါပေမယ့် Google Maps မှာ location history ကို enable လုပ်ပေးထားဖို့တော့ လိုအပ်ပါတယ် ..

ခင်ဗျားရဲ့ ဖုန်းမှာ Google location history ကို enable လုပ်မယ်ဆိုရင် …

maps.google.com/locationhistory ကို သွားပါ ..

Account ကို ဝင်မထားရသေးဘူးဆိုရင် ခင်ဗျားရဲ့ Google account ဖြင့် Log In ဝင်လိုက်ပါ ..

ပျောက်သွားတဲ့ဖုန်းကို ပြန်ပြီး ရှာဖို့ ကြိုးစားမှု အနေဖြင့် ဖုန်းနောက်ဆုံးပေါ်ခဲ့တဲ့ နေရာကို စစ်ဆေးကြည့်ပါ ..

Battery အားကုန်တာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲ ဖြစ်ဖြစ် အထက်ပါ နည်းလမ်းများဟာ ပျောက်သွားတဲ့ ဖုန်းကို ရှာဖွေရာမှာတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ..

အားလုံးအဆင်ပြေကြပါစေ …

Credit Dhvanesh Adhiya

ဇာနည် ( iOS Banker Myanmar )

ဘယ္သူမဆို မိမိတို႔ရဲ႕ တန္ဖိုးႀကီး iPhone ေပ်ာက္ဆံုးသြားလွ်င္ ႐ုတ္တရက္ေတာ့ စိတ္ဒုကၡ အနည္းနဲ႔အမ်ားဆိုသလို ျဖစ္ၾကမွာပါပဲ .. ဖုန္းပိုင္ရွင္အေနျဖင့္ ေပ်ာက္ဆံုးသြားတဲ့ မိမိဖုန္းရဲ႕ Battery အားကုန္သြားမွာ ၊ ဖုန္းပိတ္ထားလိုက္မွာကို ပိုမိုစိုးရိမ္စိတ္ ဝင္ေနၾကမယ္လို႔လဲ ထင္ပါတယ္ .. ဒါေပမယ့္ အခုေတာ့ ဖုန္းပိုင္ရွင္မ်ားအေနျဖင့္ အသက္ဝဝရွဴလို႔ ရပါၿပီ .. ဘာေၾကာင့္လဲဆိုေတာ့ ေပ်ာက္ဆံုးသြားတဲ့ ဖုန္းမွာ Battery အားကုန္သြားတာပဲျဖစ္ျဖစ္ ၊ ဖုန္းပိတ္ထားတာပဲျဖစ္ျဖစ္ အဆိုပါအေျခအေနမ်ိဳးမွာေတာင္ ေပ်ာက္ဆံုးသြားတဲ့ ဖုန္းကို track လုပ္လို႔ ရေနလို႔ပဲ ျဖစ္ပါတယ္ ..

အားမရွိတဲ့ဖုန္း ၊ ပိတ္ထားတဲ့ဖုန္းကို ျပန္ရွာလို႔ ရတယ္ဆိုလို႔ ခင္ဗ်ားတို႔ ေခါင္းထဲ ရႈပ္ေထြးသြားၿပီလား ?
အဲဒီအတြက္ အေျဖက ရွိေနၿပီးသားပါ ..
Battery ကုန္သြားတဲ့ဖုန္း ၊ ပိတ္ထားတဲ့ဖုန္း ျဖစ္ပါေစဦးေတာ့ ေနာက္ဆံုးေပ်ာက္သြားခဲ့တဲ့ ေနရာကို ျပန္ရွာႏိုင္တဲ့အစြမ္း ကၽြန္ေတာ္တို႔ iCloud ႀကီးက ပိုင္ဆိုင္ထားလို႔ ျဖစ္ပါတယ္ ..
ဒါေပမယ့္ တစ္ခုေတာ့ ရွိတယ္ဗ် ..
ခင္ဗ်ားတို႔အေနနဲ႔ iCloud ကို Sign in လုပ္ထားၿပီး ၊ ” Find My iPhone ” ကို အၿမဲတမ္း On ထားဖို႔ေတာ့ လိုမယ္ေနာ္ ..
How to find your iPhone …
ခင္ဗ်ားတို႔ရဲ႕ iPhone မွာ ” Find My iPhone ” ကို On ထားၿပီးသားဆိုရင္ေတာ့ အလုပ္က တစ္ဝက္ၿပီးေနၿပီလို႔ေတာင္ ဆိုရမွာပါပဲ .. ဖုန္းမွာ အားမရွိ ၊ ဖုန္းပိတ္ထားတယ္ ဆိုရင္ေတာင္ ေအာက္မွာေဖာ္ျပမယ့္ အခ်က္အလက္မ်ားက ခင္ဗ်ားတို႔အတြက္ အလြန္႔အလြန္ကို အေထာက္အကူ ျဖစ္ေစမွာပါ ..
Battery အားမရွိဘူး ဆိုရင္ေတာင္ iPhone အေနျဖင့္ ေနာက္ဆံုးရွိေနခဲ့တဲ့ ေနရာကို send လုပ္လို႔ ရႏိုင္ပါတယ္ .. အဲဒီအတြက္ ” Send Last Location ” ကို enable လုပ္ေပးထားဖို႔ေတာ့ လိုပါမယ္ ..
ကဲ .. ဘယ္လိုလုပ္ထားရမလဲဆိုတာကို ေျပာျပပါမယ္ ..
Setting ကို ဝင္လိုက္ပါ ..
iCloud ကို ဝင္ပါ ..
Find My iPhone ကို နွိပ္လိုက္ပါ ..
Find My iPhone ထဲကို ေရာက္ၿပီဆိုလွ်င္ ” Send Last Location ” ကို On ေပးထားရပါမယ္ ..

ေပ်ာက္ဆံုးသြားတဲ့ iPhone ကို အျခား iPhone တစ္လံုးကို အသံုးျပဳၿပီး ဘယ္လို ရွာမလဲ ?
ခင္ဗ်ားရဲ႕ သူငယ္ခ်င္း ၊ မိတ္ေဆြ ၊ အေပါင္းအသင္းမ်ား၏ iPhone ဒါမွမဟုတ္ iPad ျဖင့္ ေပ်ာက္သြားတဲ့ iPhone ရဲ႕ တည္ေနရာကို ရွာလို႔ရတဲ့ နည္းလမ္း ရွိပါတယ္ ..
အဲဒီဖုန္း ( or ) iPad ထဲက
Find iPhone App ကို ဝင္လိုက္ပါ ..
ဒါက ခင္ဗ်ားရဲ႕ iPhone , iPad မဟုတ္တဲ့အတြက္ ညာဖက္အေပၚနားက Sign Out ကို နွိပ္လိုက္ရပါမယ္ ..
အခု ခင္ဗ်ားရဲ႕ ID နဲ႔ Sign In လုပ္ရပါမယ္ ..
ID ကို Sign In လုပ္ၿပီး သြားၿပီဆိုေတာ့ အဲဒီမွာ ခင္ဗ်ားရဲ႕ iDevice ေတြ ေပၚလာပါလိမ့္မယ္ .. ေပ်ာက္သြားတဲ့ iPhone ကို ေရြးေပးရပါမယ္ .. နွိပ္ရမယ္ေပါ့ဗ်ာ
ေပ်ာက္သြားတဲ့ iPhone ရဲ႕ ေနာက္ဆံုးရွိေနခဲ့တဲ့ တည္ေနရာကို ေျမပံုေပၚမွာ Big dot ( အစက္ႀကီးႀကီး ) တစ္ခုနဲ႔ ေဖာ္ျပေပးပါလိမ့္မယ္ ..
ခင္ဗ်ားရဲ႕ လက္ေခ်ာင္းေလးမ်ားျဖင့္ location ကို အနီးကပ္ Zoom ဆြဲယူၿပီး ၾကည့္ရႈလိုက္ပါ ..
အခုေအာက္မွာရွိတဲ့ Actions ကို နွိပ္ၿပီး ခင္ဗ်ားဘာလုပ္ခ်င္လဲ လုပ္လို႔ ရပါၿပီ ( Play Sound , Lost Mode and Erase iPhone )
မွတ္ခ်က္ >> ဖုန္းပိတ္ေနတယ္ဆိုရင္ေတာင္ Find My iPhone feature က ေပ်ာက္သြားတဲ့ iPhone ရဲ႕ ေနရာကို ဆက္ၿပီး ရွာေဖြေပးေနမွာ ျဖစ္ပါတယ္ ..

ေပ်ာက္ဆံုးသြားတဲ့ iPhone ကို ကြန္ပ်ဴတာျဖင့္ ဘယ္လိုရွာမလဲ ?
အေပၚက နည္းလမ္းနဲ႔ ရွာေဖြဖို႔ အခက္အခဲ ရွိခဲ့မယ္ဆိုရင္ ကြန္ပ်ဴတာနဲ႔ ရွာေဖြလို႔ရတဲ့ နည္းလမ္း ရွိပါေသးတယ္ ..
ကြန္ပ်ဴတာရဲ႕ Browser မွေနၿပီး iCloud.com ကို သြားပါ ..
Apple ID နဲ႔ Sign In ဝင္လိုက္ပါ ..
iCloud ထဲကို ေရာက္ၿပီဆိုရင္ ” Find My iPhone ” App icon ကို နွိပ္လိုက္ပါ ..
ခင္ဗ်ားရဲ႕ iDevice မ်ားကို ေတြ႕ရၿပီဆိုရင္ ေပ်ာက္သြားတဲ့ iPhone ကို ေရြးၿပီး နွိပ္လိုက္ပါ ..
ကဲ .. ဒါဆို ခင္ဗ်ားဘာေတြ ဆက္လုပ္ရမလဲဆိုတာကို သိပါၿပီေနာ္ ( မသိရင္ အေပၚကဟာကို ျပန္ဖတ္ၾကည့္ )
မွတ္ခ်က္ >> ဖုန္းပိတ္ေနတယ္ ဆိုရင္ေတာင္ ေပ်ာက္ဆံုးသြားတဲ့ဖုန္း ဘယ္ေနရာမွာ ရွိေနခဲ့လဲဆိုတာကို ေျမပံုေပၚမွာ ျပေပးသြားႏိုင္ပါတယ္ ..
What is Lost Mode ?
” Find My iPhone ” ကို အသံုးျပဳထားမယ္ဆိုလွ်င္ သူ႔ရဲ႕ အျခား option တစ္ခုျဖစ္တဲ့ ” Lost Mode ” ကိုလဲ သိထားသင့္ပါတယ္ ..
Lost Mode ကို enabled လုပ္လိုက္မယ္ဆိုလွ်င္ ေပ်ာက္သြားတဲ့ iPhone ကို Lock လုပ္ေပးလိုက္မည္ ျဖစ္ၿပီး ၊ အဆိုပါ ဖုန္းရဲ႕ Display Screen ေပၚမွာ ဖုန္းနံပါတ္တစ္ခုနဲ႔ Custom message တစ္ေစာင္ သြားေပၚေနမွာ ျဖစ္ပါတယ္ .. ခင္ဗ်ားကိုယ္တိုင္ ဖုန္းကို ျပန္ရၿပီး Lost Mode ကို disable လုပ္ေပးမွသာ ဒီစာေတြက ေပ်ာက္သြားမွာ ျဖစ္ပါတယ္ ..
တစ္ခုရွိတာက Lost Mode ဟာ iPhone ရဲ႕ Battery life ေပၚမွာပဲ အလုပ္လုပ္တာ ျဖစ္ပါတယ္ .. ဘာေၾကာင့္လဲဆိုေတာ့ internet ျဖင့္ သူ႔ဘာသာ ခ်ိတ္ဆက္ႏိုင္လို႔ ျဖစ္ပါတယ္ .. ခင္ဗ်ားရဲ႕ ဖုန္းမွာ Battery အား အနည္းငယ္ရွိေနဦးမယ္ ဆိုရင္ေတာ့ အျခား options မ်ားကို အသံုးျပဳတာထက္ ” Lost Mode ” ကို အသံုးျပဳဖို႔အတြက္ ကၽြန္ေတာ္တို႔ အၾကံျပဳခ်င္ပါတယ္ ..
Lost Mode ကို အသံုးျပဳဖို႔အတြက္ …
Find iPhone App ကို ဝင္ပါ ..
ေပ်ာက္ဆံုးသြားတဲ့ ဖုန္းကို နွိပ္ပါ ..
Lost Mode ကို နွိပ္ပါ ( Turn On Lost Mode ဆက္ၿပီး နွိပ္ပါ )
ေပ်ာက္သြားတဲ့ ဖုန္းရဲ႕ Lock Screen မွာ ေပၚဖို႔အတြက္ ကိုယ္ႀကိဳက္ႏွစ္သက္သလို စာ႐ိုက္ထည့္ေပးပါ ..
Done ကို နွိပ္ပါ
မွတ္ခ်က္ >> ခင္ဗ်ားရဲ႕ ဖုန္းကို ျပန္ၿပီး ရွာေတြ႕လို႔ password ျဖင့္ unlock ျပဳလုပ္ၿပီး Lost Mode ကေန ထြက္လို႔ ရပါတယ္ ..
What is Play sound ?
Play sound – ဖုန္းသည္ Silent or Vibrate အေနအထား ျဖစ္ေနသည့္တိုင္ က်ယ္ေလာင္ၿပီး ၾကားႏိုင္ေလာက္မည့္ Tone အသံ ထြက္ေပၚလာပါလိမ့္မည္ .. ဒီ option ကိုေတာ့ ခင္ဗ်ားတို႔ရဲ႕ အိမ္အနီးအနား ဝန္းက်င္မ်ိဳးတြင္ iPhone or iPad ေပ်ာက္သြားခဲ့ပါက အသံုးျပဳသင့္ပါတယ္ ..
What is Erase ?
Erase – ခင္ဗ်ားအေနျဖင့္ ေပ်ာက္ဆံုးသြားတဲ့ iDevice ကို ျပန္မရႏိုင္ေတာ့ဘူး ဒါမွမဟုတ္ အဲဒီအထဲမွာ ရွိေနတဲ့ Data ေတြကို တစ္စံုတစ္ဦးမွ ရယူ အသံုးျပဳသြားမွာ စိုးလို႔ စသည္ျဖင့္ အဲဒီလို အေနအထားမ်ိဳး ဆိုရင္ေတာ့ ခင္ဗ်ားရဲ႕ informations မ်ားကို အကာအကြယ္ ျဖစ္ရန္အတြက္ က်ိန္းေသ ဒီနည္းျဖင့္ Delete လုပ္ပစ္ ရပါမယ္ ..
Find My iPhone ကို enable မလုပ္ထားဘူးဆိုရင္ ဘယ္လိုရွာရမလဲ ?
ဒီလို အေျခအေနမ်ိဳးမွာ ဆိုရင္ေတာင္ ခင္ဗ်ားအေနျဖင့္ Google Maps ကို အသံုးျပဳၿပီး ရွာလို႔ ရပါေသးတယ္ .. ဒါေပမယ့္ Google Maps မွာ location history ကို enable လုပ္ေပးထားဖို႔ေတာ့ လိုအပ္ပါတယ္ ..
ခင္ဗ်ားရဲ႕ ဖုန္းမွာ Google location history ကို enable လုပ္မယ္ဆိုရင္ …
maps.google.com/locationhistory ကို သြားပါ ..
Account ကို ဝင္မထားရေသးဘူးဆိုရင္ ခင္ဗ်ားရဲ႕ Google account ျဖင့္ Log In ဝင္လိုက္ပါ ..
ေပ်ာက္သြားတဲ့ဖုန္းကို ျပန္ၿပီး ရွာဖို႔ ႀကိဳးစားမႈ အေနျဖင့္ ဖုန္းေနာက္ဆံုးေပၚခဲ့တဲ့ ေနရာကို စစ္ေဆးၾကည့္ပါ ..
Battery အားကုန္တာပဲျဖစ္ျဖစ္ ၊ ဖုန္းပိတ္ထားတာပဲ ျဖစ္ျဖစ္ အထက္ပါ နည္းလမ္းမ်ားဟာ ေပ်ာက္သြားတဲ့ ဖုန္းကို ရွာေဖြရာမွာေတာ့ အေကာင္းဆံုးနဲ႔ အလြယ္ကူဆံုးျဖစ္တယ္လို႔ ကၽြန္ေတာ္တို႔ ယံုၾကည္ပါတယ္ ..
အားလံုးအဆင္ေျပၾကပါေစ …
Credit Dhvanesh Adhiya
ဇာနည္ ( iOS Banker Myanmar )

No comments:

Post a Comment

မင်္ဂလာပါ..