>သင့်ရဲ့ iPhone ဟာ
New ( အိုင်ဖုန်းအသစ် ) လား ၊
Refurbished ( ပြင်ဆင်မွမ်းမံထားတဲ့ အိုင်ဖုန်း ) လား ၊
Replacement ( အစားထိုးလဲလှယ်ထားတဲ့ အိုင်ဖုန်း ) လား ဒါမှမဟုတ်
Personlaized ( ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အိုင်ဖုန်း ) လား ဆိုတာကို သိရှိနိုင်ရန်အတွက် …
Setting >> General >> About >> Model မှာ သွားကြည့်ရှုရပါမယ် ။
ရှေ့ဆုံးစာလုံးဖြစ်တဲ့ ( M ) နေရာက စာလုံးကို ကြည့်ပြီး New ၊ Refurbished ၊ Replacement or Personalized ဆိုတာကို ခွဲခြား သိရှိနိုင်ပါမယ် ။
ပုံတွင် Model နေရာက MQCL2LL/A ကို ကြည့်ပါ ။ ရှေ့ဆုံးစာလုံးသည် M နှင့် စထားသည်ကို တွေ့ရှိရပါမည် ။
M – M နဲ့ စထားတာဖြစ်တဲ့အတွက် Apple Store Online or Apple Retail Store ကနေ ရောင်းချပေးခဲ့တဲ့ New ( အသစ် ) အိုင်ဖုန်း ဖြစ်ပါတယ် ။
F – F နဲ့ စထားတာဖြစ်တဲ့အတွက် Refurbished ( ပြင်ဆင်မွမ်းမံထားပြီး Apple ကနေ တရားဝင် ပြန်လည်ရောင်းချတဲ့ ) အိုင်ဖုန်းပဲ ဖြစ်ပါတယ် ။
N – N နဲ့ စထားတဲ့အတွက် Replacement ( ပြဿနာတစ်စုံတစ်ခုကြောင့် Apple ဒါမှမဟုတ် Apple ရဲ့ Authorized Service Center တွေကို ပို့ပေးလိုက်တဲ့ အိုင်ဖုန်းတွေအစား ပြန်လည် လဲလှယ်ပေးတဲ့ ) အိုင်ဖုန်းပဲ ဖြစ်ပါတယ် ။ ဒီ Replacement အလုံးတွေကလည်း Refurbished အလုံးတွေကဲ့သို့ပင် ကောင်းမွန်ခြင်း ရှိပါတယ် ။
P – P နဲ့ စထားတာဖြစ်လို့ Personalized ( ကိုယ်ပိုင်အမှတ်အသားတံဆိပ်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများနှင့် အလှဆင်ထားတဲ့ ) အိုင်ဖုန်း အမျိုးအစားပဲ ဖြစ်ပါတယ် ။ ဒီလို အိုင်ဖုန်းမျိုးကိုတော့ အလုံးရေ အကန့်အသတ်နဲ့သာ ထုတ်လေ့ရှိပြီး Luxury Device အမျိုးအစားဖြစ်တဲ့အတွက် ဈေးနှုန်းအနေဖြင့်ကလည်း အံ့အားသင့်ဖွယ်ရာ ဖြစ်နေတတ်ပါတယ် ။
သင့်ရဲ့ iPhone ဟာ
သိရှိနိုင်ပါမယ် ။
ရှိပါတယ် ။
ဖြစ်နေတတ်ပါတယ် ။
No comments:
Post a Comment
မင်္ဂလာပါ..