iOS မှာ ပါဝင်နေတယ့် Feature တစ်ခုကတော့ ကိုယ် သုံးဆွဲနေတယ့် Applications တွေရဲ့ Battery သုံးဆွဲမှု စစ်တမ်းကို ကြည့်ရှုနိုင်တာ တစ်ခုအပါအဝင်ပါပဲထိုမှ တစ်ဆင့် တစ်ဖက်နည်းအားဖြင့် ဆိုရရင် ကိုယ့် ရဲ့ နေ့စဉ် ဘယ် Application မှာ အချိန် ဘယ်လောက် များများ သူံးဆွဲနေခဲ့တယ်ဆိုတာလည်း စစ်တမ်းကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်
အရင်က သင်သတိထားမိ မလားတော့ ကျွန်တော်မသိနိုင်ပေမယ့် အခု ပဲသတိထားကြည့်လိုက်မယ်ဆိုရင် Battery Usage ရဲ့ Application တစ်ခုစီရဲ့ သုံးဆွဲမှုဖော်ပြရာမှာ သူ မည်သည့် Activity မျိုးနဲ့ လှုပ်ရှား သုံးဆွဲ သွားတယ် ဆိုတာပါ ဖော်ပြထားတာကိုတွေ့ရပါမယ်

#Background Activity
ဖော်ပြပါ Application တစ်ခုဟာ Background မှာ လှုပ်ရှား အသူံးပြုနေပြီး Battery ကိုစားသုံးနေတယ်လို့ ဆိုလိုပါတယ်
#Audio
ဖော်ပြပါ Application တစ်ခုဟာ Background မှာ Audio Playing ပြုလုပ်နေပြီး Battery ကိုစားသုံးနေတယ်လို့ ဆိုလိုပါတယ်
#Location and Background Location
မိမိ ကိုယ်ပိုင် Device ကို Tracking ပြုလုပ်ရန် ခြေရန် ခံဖို့ရန် အတွက် Battery ကိုစားသုံးနေတယ်လို့ ဆိုလိုပါတယ်
#Backup & Restore
မိမိ Device ဟာ iCloud စီသို့ Backup ပြုလုပ် Data သိုမှီးခြင်း Restore ပြုလုပ် Data ဖြည့်စီးခြင်း များပြုလုပ်နေပြီ Battery ကိုစားသုံးနေတယ်လို့ ဆိုလိုပါတယ်
#Low Signal
သင်ဟာ လုံးဝ လိုင်းဆွဲ အားညံ့ဖြင်းလှတယ့် နေရာမှာ ရောက်ရှိနေတယ့်အချိန်မှာ သင့် Device ဟာ တစ်ချိန်လုံး Signal လိုက်ရှာနေခြင်းအားဖြင့် Battery ကိုစားသုံးနေတယ်လို့ ဆိုလိုပါတယ် အချို့ မမြင်ဖူးနိုင်လို့ အောက်ပုံမှာ ကြည့်ပါ

Cell Signal ကို ရယူရ အင်မတန်ခက်ခဲနေတယ့် အခြေအနေမျိုးမှာ အသည်းအသန် Cell လိုက်လံ ရှာဖွေနေရခြင်းဖြင့် Battery ကိုစားသုံးနေတယ်လို့ ဆိုလိုပါတယ် အောက်မှာ နမူနာကြည့်ရှုပါ

No comments:
Post a Comment
မင်္ဂလာပါ..