menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Apple id ရဲ့ Original email acc ကို အခြား Acc ဖြင့်ပြန်ချိန်းနည်း



App Store , iCloud နဲ့ iTunes တွေကို ကျွန်တော်တို့တွေ ပိုင်ဆိုင်တဲ့ iPhone , iPad ဒါမှမဟုတ် Mac ပေါ်ကနေ အသုံးပြုနိုင်ဖို့အတွက် Digital Identity လို့ ခေါ်ဝေါ် သတ်မှတ်လို့ ရနိုင်တဲ့ Apple ID ဟာ မရှိမဖြစ် အလွန်ကို အရေးပါပြီး လိုအပ်ပါတယ် .. တစ်စုံတစ်ခုသော အ
ကြောင်းကိစ္စ တစ်ခုခုကြောင့် Apple ID မှာ အသုံးပြုထားတဲ့ email address ကို ပြောင်းလဲပေးဖို့ လိုအပ်လာခဲ့ပြီ ဆိုပါက အောက်ပါနည်းလမ်းလေးနဲ့ ပြုလုပ်နိုင်ပါတယ် ..

အရေးကြီးတာ တစ်ခု ပြောပါမယ် .. ဒီလို email address ချိန်းပေးခြင်းကို ဘယ်နှစ်ကြိမ်လောက် ချိန်းပေးလို့ ရနိုင်တယ် ဆိုတာကို ကျွန်တော်လဲ မသိပါဘူး .. ကျွန်တော်ကိုယ်တိုင်လဲ တစ်ကြိမ်တစ်ခါပဲ ချိန်းဖူးပါတယ် .. ဒါကြောင့် Apple ချစ်သူတွေလဲ ခနခန ချိန်းပြီး မကလိဖို့ သတိပေးပါရစေ ..

ကဲ .. စကြပါမယ်

Setting >> iTunes & App Store >> Apple ID ကို နှိပ်ပြီး Sign Out လုပ်ပါ ..
Setting >> iCloud >> iCloud ID ကို ဝင်ပြီး ” Find My iPhone ” ကို Off လုပ်ပါ ..
ပြီးရင် iCloud ကိုပါ Sign Out လုပ်ပါ ..


ဒီလင့်ခ်က၀င်ပါ 



  1. Apple ID နဲ့ Password ကို ထည့်ပေးပါ ..
  2. မိမိ id ရဲ့ Que & Ans ကိုဖြည့်ပေးပါ။
  3. Account ကိုနှိပ်ပေးပါ။
  4. Change Email Adress ကိုနှိပ်ပါ။
  5. User တို့ပြောင်းချင်တယ့် Email အသစ် ထည့်ပါ။
  6. User တို့အသစ်ထည့်ထားတယ့် Acc ထဲကို Code ၆ လုံးပို့ထားပါတယ်။ မိမိတို့ Mail ထဲသွားပီး Code ၆ လုံးသွားယူပါ။
  7. Mail ထဲက Code ၆ လုံးကိုယူပီး ထည့်ပေးလိုက်ပါ။

Confirm ဖြစ်ပီး Mail အသစ်နဲ့အသုံးပြု၍ရပါပီ။

No comments:

Post a Comment

မင်္ဂလာပါ..