menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer နှင့် ပတ်သက်သမျှ


" Computer ပတ်သက်ပြီး လူသည့်နေသော အကြောင်းအရာများ "

*************************************

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
 ၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
 ၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏  သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

 ၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

 ၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။

 ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

 ၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။

 ၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့  သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။ Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK) အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၎င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။ စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။ အကြောင်းပြချက်-Disk operating system တွင်ပင် CON အပြင် PRN, AUX, NUL အစရှိသော နာမည်တွေမျိုးကိုလည်း ပေး၍ မရပါ။ ၎င်းတို့၏ reserved name များဖြစ်သည့်အတွက် အကယ်၍ပေးလျှင် default file name တစ်ခုခုကို အော်တိုပြန်ပြီး redirect လုပ်သောကြောင့် windows က ယင်း ကဲ့သို့နာမည်ပေးခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။

" Computer ပတ္သက္ၿပီး လူသည့္ေနေသာ အေၾကာင္းအရာမ်ား "
*************************************
ယေန႔ေခတ္တြင္ ကြန္ပ်ဴတာသည္ လုပ္ငန္းသံုးေရာ၊ ေဖ်ာ္ေျဖေရးအတြက္ပါ လြန္စြာအသံုးတြင္က်ယ္လာေသာ စက္ပစၥည္းတစ္မ်ိဳးျဖစ္သည္။ ကြန္ပ်ဴတာႏွင့္ပက္သက္ေသာ software မ်ား၊ Hardware မ်ား တြင္တြင္က်ယ္က်ယ္ သိၾကေသာ္လည္း လူသိနည္းေသာ ကြန္ပ်ဴတာႏွင့္ ပက္သက္သည့္ အေၾကာင္းအရာ အခ်ိဳ႕ရွိပါသည္။


 ၁။ တစ္လလွ်င္ ကြန္ပ်ဴတာ ဗိုင္းရက္စ္ (Virus) ၆၀၀၀ ဝန္းက်င္ ထြက္ရွိလ်က္ရွိသည္။
 ၂။ ကြန္ပ်ဴတာသံုး ေမာ့စ္ (mouse) ကို စတင္တီထြင္ခဲ့သူမွာ Doug Engelbart ျဖစ္ျပီး ၁၉၆၄ ခုႏွစ္က ျဖစ္ရာ သစ္သားျဖင့္ ဖန္တီးခဲ့သည္။
၃။ ကမၻာ့ပထမဦးဆံုး ကြန္ပ်ဴတာ ဗိုင္းရက္စ္ ကို ၁၉၈၆ ခုႏွစ္က Farooq Alvi ညီအစ္ကိုတို႔ စတင္တီထြင္ခဲ့ျခင္း ျဖစ္ျပီး a bood sector virus ျဖစ္သည္။ တီထြင္ျခင္း၏ ရည္ရြယ္ခ်က္မွာ ၄င္းတို႔၏ သုေတသနလုပ္ငန္း မ်ားကို ကာကြယ္ရန္ျဖစ္သည္။
၄။ သာမန္လူတစ္ဦးသည္ တစ္မိနစ္လွ်င္ မ်က္ေတာင္ အခါ ႏွစ္ဆယ္ ခတ္ေသာ္လည္း ကြန္ပ်ဴတာသံုးေသာ အခါ တစ္မိနစ္လွ်င္ ၇ ၾကိမ္သာ မ်က္ေတာင္ခတ္သည္။
၅။ TYPEWRITER ဟူေသာ စာလံုးသည္ ကီးဘုတ္၏ Row တစ္ခုေပၚတြင္ အရွည္ဆံုး ရိုက္ႏိုင္သည့္ စာလံုး ျဖစ္သည္။
၆။ ေရဒီယုိ နားဆင္သူ သန္း ၅၀ ျပည့္ရန္ ၃၈ ႏွစ္ၾကာသည္။ တီဗီ အတြက္ ၁၃ ႏွစ္ၾကာသည္။ သို႔ေသာ္ World Wide Web (www) အသံုးျပဳသူ သန္း ၅၀ ျပည့္ရန္ ၄ ႏွစ္သာၾကာသည္။
၇။ ပထမဦးဆံုး Domain ၏ နာမည္မွာ Symbolics.com ျဖစ္သည္။
 ၈။ စာစီစာရိုက္ သူတစ္ဦး၏ ပံုမွန္ အလုပ္လုပ္သည့္တစ္ရက္အတြင္း လက္ေခ်ာင္းမ်ား ၁၂.၆ မိုင္အထိ ခရီးသြားသည္။
 ၉။ ကမၻာ့ပထမဦးဆံုး ကြန္ပ်ဴတာမွာ Z1 ျဖစ္ျပီး သိပၸံပညာရွင္ Konrad Zuse မွ ၁၉၃၆ ခုႏွစ္က တီထြင္ခဲ့ျခင္း ျဖစ္သည္။
 ဒုတိယမ်ိဳးဆက္ Z2 ကို ၁၉၃၉ ခုႏွစ္က တီထြင္ႏိုင္ခဲ့ျပီး ကမၻာ့ပထမဦးဆံုး electro-mechnical ကြန္ပ်ဴတာအျဖစ္ မွတ္တမ္းတင္ခဲ့သည္။
၁၀။ တစ္လလွ်င္ Domain name ေပါင္း တစ္သန္းေက်ာ္ထက္မနည္း Register ျပဳလုပ္လ်က္ရွိသည္။
 ၁၁။ ဘီလ္ဂိတ္၏ အိမ္ကို Macintosh ကြန္ပ်ဴတာျဖင့္ ဒီဇိုင္းေရးဆြဲခဲ့သည္။
၁၂။ IBM PC ကို တီထြင္ခဲ့သည့္ အင္ဂ်င္ေနယာ ၁၂ ဦးအဖြဲ႔ကို The Dirty Dozen ဟု အမည္ေျပာင္ ေပးထားၾကသည္။
၁၃။ ကမၻာ့ေက်ာ္ ကြန္ပ်ဴတာထုတ္လုပ္သည့္ကုမၸဏီတစ္ခုျဖစ္သည့္ Hewlett Packard (HP) သည္ ကြန္ပ်ဴတာ အေျမာက္အမ်ားထုတ္လုပ္မွုကို ၁၉၃၉ ခုႏွစ္က ကယ္လီဖိုးနီးယားျပည္နယ္ Palo Alto ျမိဳ႕ရွိ ကားဂိုေဒါင္တစ္ခု တြင္ စတင္ျပဳလုပ္ခဲ့သည္။
၁၄။ ကမၻာ့ပထမဦးဆံုး hard drive မ်ားသည္ 20MB သာရွိျပီး အေမရိကန္ေဒၚလာ ၈၀၀ ကုန္က်သည္။ ယခုအခါ ေစ်းႏွုန္း အဆတစ္ရာက်ဆင္းျပီး သုိေလာင္ႏိုင္စြမ္း Capacity အဆတစ္ရာမက တုိးတက္ခဲ့သည္။
၁၅။ ကြန္ပ်ဴတာ mouse, windowing GUI, Laser printing ႏွင့္ Network card မ်ားကို ကယ္လီဖိုးနီးယား ျပည္နယ္ရွိ Xerox ကုမၸဏီမွ တစ္ျပိဳင္နက္တည္း ထုတ္လုပ္ႏိုင္ခဲ့သည္။
၁၆။ အြန္လိုင္း exchange တစ္ခုျဖစ္သည့္ eBay တြင္ တစ္စကၠန္႔၌ ပ်မ္းမွ် ေငြ အေမရိကန္ေဒၚလာ ၆၈၀ တန္ဖိုး အေရာင္းအဝယ္ ျဖစ္လ်က္ရွိ သည္။
 ၁၇။ ဆဲလ္ဖုန္းတြင္ ပါဝင္ေသာ ကြန္ပ်ဴတာ Processing power သည္ ကမၻာ့ပထမဦးဆံုး လေပၚသို႔ သြားေရာက္ႏိုင္ခဲ့သည့္ အာကာသယာဥ္ Apollo 11 Lunar Lander တြင္ ပါဝင္ေသာ ကြန္ပ်ဴတာအားလံုး၏ Processor မ်ားထက္ မ်ားစြာသာလြန္သည္။
၁၈။ Crash Course သည္ Microsoft Window tutorials ၏ အျခား အမည္တစ္မ်ိဳးျဖစ္သည္။
၂၀။ လူတိုင္း ကြန္ပ်ဴတာ Virus မ်ား မိမိကြန္ပ်ဴတာသို႔ ဝင္ေရာက္တိုက္ခိုက္မည့္ အႏၱရာယ္ကို စိုးရိမ္သိရွိၾကသည္။ သို႕ေသာ္ ယင္း Virus မည္သို႔မည့္ပံု ျပန္႔ပြားသည္ကို သိလ်က္ႏွင့္ေမ့ေနၾကသည္။ Virus ပါေသာ ဖုိင္ကို Dowload လုပ္ျခင္း (သို႔မဟုတ္) Sharing လုပ္ျခင္း စသည့္ နည္းလမ္းႏွစ္မ်ိဳးျဖင့္ ကြန္ပ်ဴတာ၏ system ကို ပ်က္စီးေစသည္။ Window ေပၚမွ ေတြ႔ရွိခ်က္တစ္ခု (ONE WINDOWS MAGIC TRICK) အိႏၵိယမွ ေလ့သာသူတစ္ဦး၏ ရွားရွားပါးပါး ေတြ႕ရွိခ်က္တစ္ခုရွိသည္။ ၄င္းမွာ ကြန္ပ်ဴတာ၏ မည္သည့္ ေနရာ( Desktop, Local Disk C, D, E, etc………………) တြင္မဆို Folder မ်ားဖန္တီးရာတြင္ CON ဟူေသာ နာမည္ေပး၍မရပါ။ စာဖတ္သူတို႔ Folder တစ္ခုကို con လို႔အမည္ေပးျပီး ဖန္တီးၾကည့္ပါ။ ယင္းကဲ့သို႔ အမည္ေပးလို႔မရႏိုင္ေၾကာင္း ေတြ႔ရမည္ျဖစ္သည္။ အေၾကာင္းျပခ်က္-Disk operating system တြင္ပင္ CON အျပင္ PRN, AUX, NUL အစရွိေသာ နာမည္ေတြမ်ိဳးကိုလည္း ေပး၍ မရပါ။ ၎တို႔၏ reserved name မ်ားျဖစ္သည့္အတြက္ အကယ္၍ေပးလွ်င္ default file name တစ္ခုခုကို ေအာ္တိုျပန္ျပီး redirect လုပ္ေသာေၾကာင့္ windows က ယင္း ကဲ့သို႔နာမည္ေပးျခင္းကို တားျမစ္ထားျခင္းျဖစ္သည္။
U Aung Moe Linn

No comments:

Post a Comment

မင်္ဂလာပါ..