menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Stephen Hawking - စတီဖင်ဟော့ကင်း

စတီဖင်ဟော့ကင်း ( Stephen Hawking )
သူ့နာမည်က စတီဖင်ဟော့ကင်း(Stephen Hawking) လို့ ခေါ်ပါတယ်..
သူဟာ တကိုယ်လုံးမလှုပ်နိုင်ဘူး ...
စကားပြောဖို့ကို ပါးပြင်မှာ ရှိတဲ့ကြွက်သားတခုနဲ့
ချိတ်ထားတဲ့ ကိရိယာရဲ့ အကူအညီနဲ့
စကားပြောရရှာတယ်...

1969 ဝန်းကျင် က စပြီး အခုချိန်ထိ
လက်တွန်းလှည်းပေါ်မှာပဲ ဘဝကို ကုန်ဆုံးနေရသူ။

ဒါပေမယ့် ဒီလို ဖြစ်နေသော်လည်း
ကမ္ဘာမှာ အထင်ရှားဆုံး လူသိအများဆုံး
ရူပဗေဒ သိပ္ပံပညာရှင်
စကြဝဠာလေ့လာခြင်းဆိုင်ရာ သိပ္ပံပညာရှင်ပေါ့။
နာမည်အကြီးဆုံး အရောင်းရဆုံး
စာရေးဆရာ တယောက်လည်း ဖြစ်သေးတယ်လေ။

သူ့ရဲ့ Oxford တက္ကသိုလ်ကျောင်းသားဘဝ
အသက် ၂၁ မှာ ALS ဆိုတဲ့ Motor Neurone Disease နဲ့ ၂နှစ်ခွဲပဲ အသက်ရှင်သန်ဖို့
ရှိတော့တယ်လို့ ဆရာဝန်တွေက ခန့်မှန်းခဲ့တယ်... Motor Neurone Disease ဆိုတာ
လွယ်လွယ်ပြောရရင် ကြွက်သားတွေကို
ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ အလုပ်မလုပ်တော့ပဲ တကိုယ်လုံး အကြောသေ လေဖြတ်သွားတဲ့
ရောဂါတမျိုးပေါ့ဗျာ ...

ဒီလို ခန့်မှန်းခံလိုက်ရတာ
သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲ
သွားစေခဲ့တာပါပဲ ...

အဲ့ဒီ အဖြစ်အပျက် မတိုင်ခင်က
ဟော့ကင်းဟာ ဉာဏ်ကောင်းပေမယ့်
သာမန်ကျောင်းသားတယောက် ပါပဲ ...

စာဖတ်ရမှာလဲ ပျင်းလွန်းတဲ့သူ တယောက်...
သူ့အတန်းထဲမှာ နောက်ဆုံးကနေရေရင်
တတိယမြောက် အဆင့်တောင် ရခဲ့သေးတယ် ...

အခုလို သူ့အသက် ၂၁ နှစ်မှာ
အသက်ရှင်သန်ဖို့ မျှော်လင့်ချက် နည်းပါးမှုဟာ
စာပေဖတ်ရှုမှုကို ဂရုစိုက်ဖို့ တွန်းအားတရပ်
ဖြစ်လာခဲ့ပါတော့တယ် ...

သူဟာ ဒီလိုနဲ့ 1966မှာ ပါရဂူ Phd ဘွဲ့ကို
အသက်၂၄ နှစ်နဲ့ အရယူနိုင်ခဲ့တယ် ...
သူ့ရဲ့ Thesis ဖြစ်တဲ့
Properties of expanding universes
(ကျယ်ပြန့်လာနေသော စကြဝဠာများ၏
ဂုဏ်သတ္တိများ) ဆိုတဲ့စာတမ်းကို
မနေ့က (23.Oct.2017) ကပဲ
လူတိုင်း Download လုပ်ခွင့်ပြုကြောင်း
Oxford University က ကြေညာလိုက်တာ
စခွင့်ပြုတဲ့ တနေ့တည်းမှာတင်
လူခြောက်သောင်းလောက် ဝိုင်းဆွဲကြလို့
Server ကြီး down သွားပါရောလား ...

BLACK HOLE ဆိုတဲ့ အာကာသတွင်းနက်တွေ
အကြောင်း တွေ့ရှိချက်တွေနဲ့ ပတ်သတ်လို့
ထင်ရှားကျော်ကြားတဲ့သူ ...

Black hole တွေက ထုတ်လွှင့်သော
ဓာတ်ရောင်ခြည်တွေကို
HAWKING RADIATION ဆိုပြီး
သူ့နာမည်နဲ့ ဂုဏ်ပြု ခြင်း ခံရသူ ပေါ့ ...

စကြဝဠာနဲ့ အချိန်နဲ့ ပတ်သတ်မှုကို
သာမန်လူရော ပညာရှင်တွေရော
နားလည်နိုင်မယ့်
A brief history of time စာအုပ်ကို
1988မှာ ရေးသားထုတ်ဝေပြီး
London Sunday Times Magazine ရဲ့
အရောင်းရဆုံး စာအုပ်စာရင်းထိပ်မှာ
လေးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သူ ပေါ့...
အခုဆိုရင် စာအုပ်ရေ ဆယ်သန်းနီးပါး
ရောင်းချထားပြီး ဘာသာစကား ၃၀ ခန့်ကို
ဘာသာပြန်ဆိုထားကြပါပြီ ...

ဒီစာအုပ်နဲ့ သူ့ရဲ့ သီအိုရီတွေကို အခြေခံပြီး
Time Travel ဆိုတဲ့ အချိန်ခရီးသွား ရုပ်ရှင်တွေ..
Space-time continuum ဆိုတဲ့
အာကာသ နဲ့ အချိန်အကြားဆက်စပ်မှုတွေ..
ဒီလိုဇာတ်လမ်းတွေ ပေါ်လာရတာပေါ့...

ကျွန်တော်က သူ့ကို Big Bang Theory မှာ
ဧည့်သည်သရုပ်ဆောင်အဖြစ် စသိခဲ့ရတာ..
တကယ့် အပြင်မှာ ရှိမှန်း သိလိုက်ရတော့
မယုံကြည်နိုင်လောက်အောင် ပါပဲ ...

လက်တွန်းလှည်းပေါ်မှာ
1969 ဝန်းကျင်ကတည်းက ရောက်နေသော်လည်း
စကားပြောဖို့ရာ တအားခက်သော်လည်း
လက်မလှုပ် ခြေမလှုပ်နိုင်သော်လည်း
စာအုပ်ပေါင်း ၁၅ အုပ်ကို
အဲ့ဒီ အခြေအနေ ကြား ထဲက ရေးသားခဲ့သူ...

ကမ္ဘာအရပ်ရပ်မှာ ဟောပြောပွဲတွေ
Professor အဖြစ်နဲ့ Lecture တွေ
ပြောခဲ့ဟောခဲ့ သင်ခဲ့သောသူ...

အခက်အခဲကြုံလို့ စိတ်ပျက်လိုက်တိုင်း
သူ့အကြောင်းကို သတိရလိုက်ပါ ...
ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်ခဲတွေဟာ
သူ့အခက်အခဲတွေနဲ့စာရင်
စာမဖွဲ္ပ့လောက်ဘူး ထင်ပါတယ်ဗျာ ...

ဆန္ဒမွန်ဖြင့်
ဆရာချစ်

No comments:

Post a Comment

မင်္ဂလာပါ..