menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
အရွင္ဘုရား
၁။ဝေဒနာဆိုတာကျော်အောင်ရှုလို့မရဘူး ဆိုတာနဲ့
၂။ဝေဒနာကျော်အောင်ရူဆိုတဲ့
အဟော ၂မျိုး မှာ ဘာတွေကွာသွားကြလို့လည်းဘုရား။
ဒီ ၂ ခု မှာ ဘယ်အကြောင်းအရာကမှန်တယ်လို့ယူဆလို့ရပါသလည်းဘုရား
ရိုသေစွာဖြင့်
မြင့်စန္ဒာ
********


ဝေဒနာကို ကျော်အောင်ရှုလို့ မသုံးပါဘူး..။ ဝေဒနာခွါတယ်.. အာရုံပြောင်းတယ်လို့ သုံးရင်အဆင်ပြေပါမယ်..။

အထက်ပါ မေးခွန်းနှစ်ခုထဲက နံပါတ်(၁)မေးခွန်းသည်သာ မှန်ပါတယ်..။
အဘယ်ကြောင့်နည်းဟူမူ.. ခံစားမှုဆိုတဲ့ သုခ/ဒုက္ခ ဝေဒနာဟာ ခန္ဓာမြဲနေသမျှ ရှိနေမှာမို့ပါ..။
နံပါတ် တစ်..
ဝေဒနာကို ကျော်လို့မရဘူး ဆိုတာထက်.. ဝေဒနာကို ကုန်အောင်ရှုလို့ မရဘူးလို့ ပြောရင် ပိုပြီး မှန်ပါမယ်..။ ခံစားမှုဆိုတဲ့ သုခ/ဒုက္ခ ဝေဒနာဟာ ခန္ဓာမြဲနေသမျှ ရှိနေမှာပါ...။

နံပါတ် နှစ်..
သမထဘာဝနာ အားထုတ်တဲ့သူတွေအနေနဲ့ သမာဓိစွမ်းအားကြောင့် ဝေဒနာခွာခြင်း၊ အာရုံပြောင်းခြင်း စတာတွေကို ဝေဒနာ ကျော်တယ်လို့ သုံးနှုန်းပါတယ်..။
နံပါတ် သုံးအချက်လည်းရှိပါသေးတယ်..။
တချို့ဆရာတော်ကြီးများက ဝေဒနာဟာ ကျေးဇူးရှင်လို့ သုံးနှုန်းပါတယ်..။ ဘုရားရှင်လက်ထက် ဝေဒနာကို အရင်းခံ အကြောင်းပြုပြီး မဂ်ဖိုလ်ရသွားကြတဲ့ ကျားစားတဲ့ရဟန်းတော်နဲ့ ခြေထောက်ကို ကျောက်တုံးနဲ့ ရိုက်ချိုးတဲ့ ရဟန်းတော်တို့ရဲ့ ဖြစ်စဉ်က ထင်ရှားပါတယ်..။
၎င်းရဟန်းတော်တို့ဟာ တက်လာတဲ့ ဝေဒနာကို အရင်းခံပြီး သည်းခံခြင်း စွန့်လွတ်ခြင်းဖြင့် စောင့်ကြည့်ရင်းဖြင့် ဝေဒနာပေါ်မှာ ငါ မကပ်စေပဲ ရှုမှတ်ရတယ်..
ရှုကွက်လေးပြောပါ့မယ်..
တက်လာတဲ့ ဝေဒနာပေါ်မှာ ငါ ဆိုတဲ့ အတ္တစွဲကိုဖျောက်ရမယ်..။ ဒီလိုဖြောက်နိုင်ဖို့အတွက် မိမိမှာ ကျင့်ကြံထားတဲ့ ထိုက်သင့်တဲ့ သမာဓိရှိဖို့လိုတယ်..။ ဝေဒနာဆိုတာ ခံစားမှု။ ခန္ဓာဆိုတာ ရုပ်တရား..။ "ရုပ္ပတီတိ ရူပံ" ရုပ်ဆိုတာ ဖောက်ပြန်တတ်တဲ့ သဘော..။ ပူတယ်၊ အေးတယ်၊ တောင့်တယ်၊ တင်းတယ်၊ နာတယ်ကျင်တယ်၊ ကိုက်တယ်ခဲတယ်.. စသည်ဖြင့် ဖောက်ပြန်နေသမျှသည် ရုပ်ကြီး၏အလုပ်။ သည်အပေါ်မှာ နာတယ် ကျင်တယ်လို့ သိနေတာက စိတ်။ ရုပ်ကြီးက

No comments:

Post a Comment

မင်္ဂလာပါ..