menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows 10 နှင့် ပတ်သက်၍ သိထားရမည့် အချက်များ


ယခုအခါတွင် Windows 10 ကို အခမဲ့ download ပြုလုပ်၍ install ပြုလုပ်ထားသည့် သူများသည် Windows ဗားရှင်းသစ်နှင့် ပတ်သက်၍ သတင်းအချက် အလက်များ သိရှိလိုကြသည်။ ထို့ ကြောင့် သုံးစွဲသူများကHow-to geek ဝက်ဘ်ဆိုက်ထံသို့ အီးမေးလ်များ ပေးပို့၍ Windows 10 နှင့် ပတ်သက်၍ မေးခွန်းပေါင်းရာပေါင်း များစွာကို မေးမြန်းကြသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် How-to geek ဝက်ဘ်ဆိုက်သို့ လူပေါင်းများစွာက မကြာခဏ မေးမြန်းကြသည့် မေးခွန်းများ ဖြစ်ပါသည်။
Windows 10 က အခမဲ့လား။

လူများအကြားတွင် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည့် Windows 10 ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ရောထွေးမှုများ ဖြစ်ပေါ်နေသည်။ Microsoft အနေဖြင့်၎င်း OS သစ်ကို တိုးတက်လာစေရန် ဆောင်ရွက်ခြင်းနှင့် beta ဗားရှင်း စမ်းသပ် စဉ်ကာလအတွင်း upgrade နှင့် ဈေးနှုန်း သတ်မှတ်ရေး အစီအစဉ် တို့ကို အကြိမ်ရေ အနည်းငယ် ခန့် ပြောင်းလဲခဲ့သည်။
သုံးစွဲသူ အများအပြားအတွက် ရည်ရွယ်၍ Windows 10 သည် ခြွင်းချက်မရှိ အခမဲ့ဖြစ် သည်။ လက်ရှိတွင် သင့်အနေဖြင့် တရားဝင်Windows 7 သို့မဟုတ် Windows 8.1 အသုံးပြုထားပါက Windows 10 ကိုအခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ အကယ်၍ pirate ဗားရှင်း အသုံးပြုထားသည့် Windows ထုတ်ကုန်တွင်လည်း အခမဲ့ အဆင့်မြှင့်တင်မှု များ ပြုလုပ်နိုင်ကြောင်း Microsoft မှ အရိပ်အမြွက် ပြောကြားခဲ့သည်။ Windows 7/ Home/Basic/Premium နှင့် Windows 8.1 သုံးစွဲသူများ သည် Windows 10 Home ကို အခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ Windows 7 Professional/ Ultimate နှင့် Windows 8.1 Pro သုံးစွဲသူများသည် Windows 10 Pro အား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သည်။
သတိပြုရန်မှာ Windows 10 စတင်ထွက်ရှိလာသည့် ပထမဆုံး နှစ်တွင်သာ အဆင့်မြှင့်တင်မှုများ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။ Windows 10 ကို ၂၉.၇.၂၀၁၅ တွင် တရားဝင် ဖြန့်ချိခဲ့သောကြောင့် ၎င်းအဆင့်မြှင့်တင်မှုကို၂၈.၇.၂၀၁၆ အထိသာ အသုံးပြု နိုင်မည် ဖြစ်သည်။
Windows 10 ကိုဘယ်လိုရယူ အသုံးပြုမလဲ။
Windows 10 သုံးစွဲလိုသူများ အနေဖြင့် Microsoft မှ Windows 10 intaller tool ကို download ပြုလုပ်ပြီး reboot တွင် install ပြုလုပ်ကာ သုံးစွဲနိုင်သည်။ ၎င်းလုပ် ငန်းစဉ်သည် အလွန် ရိုးရှင်းပြီး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာ တွင် လွယ်ကူချောမွေ့မှု ရှိ သည်။ Windows 7 သို့မဟုတ် 8.1 မှ Windows 10 သို့ update ပြုလုပ်သည့်အခါ အင်တာနက် ချိတ်ဆက်မှုဖြင့်လည်း download ပြုလုပ်နိုင်သည်။
ကွန်ပျူတာတိုင်းမှာ Windows 10 အသုံးပြုနိုင်မလား။
သုံးစွဲသူ တစ်ဦးချင်းစီ၏ အသုံးပြုထားသည့် ကွန်ပျုတာအပေါ် မူ တည်၍ မေးမြန်းထားသည့် မေးခွန်းတစ်ခု ဖြစ်သည်။ Windows 7 သို့မဟုတ် Windows 8 အသုံးပြုနေသည့် သုံးစွဲသူများတွင် hardware သစ်များ အသုံးပြုထား ပါက ၎င်းတို့၏ ကွန်ပျူတာတွင် Windows 10 အသုံးပြုနိုင်မည့် အခွင့်အရေးများပြားမည် ဖြစ်သည်။ သို့မဟုတ်ပါက Windows XP သုံးစွဲထားသည့် ကွန်ပျူတာများတွင် Windows 7 ကို စိတ်ကျေနပ်မှု အပြည့်အဝဖြင့် အသုံးမပြုနိုင်လျှင် Windows 10 အား ကောင်းမွန်စွာ အသုံးပြုနိုင်မည် မ ဟုတ်ပေ။
Windows 10 ကို အဆင့်မြှင့်တင် မှု လုပ်ကို လုပ်ရမှာလား။
Windows သုံးစွဲသူများ အနေဖြင့် Windows 10 ကိုမဖြစ်မနေ ပြောင်းလဲအသုံးပြုရန် မလိုအပ် ပေ။ Microsoft အနေဖြင့် Windows 10 ထုတ်ကုန် အလွန် အမင်း ကြော်ငြာမှုများ ပြုလုပ်နေ သော်လည်း သုံးစွဲသူများ ဆန္ဒရှိမှသာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်သည်။
Windows 10 အဆင့်မြှင့်တင်မှု လုပ်သင့်သလား။
Windows 10 သည် Windows 7 နှင့် အလွန်အမင်းကွာခြားသွားသည်။ Windows 10 မှ တိုးတက် ပြောင်းလဲမှုများသည် Windows 8 ၏ အားနည်း ချက်များကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် Windows 8 ကို ဦးစွာ update ပြုလုပ်၍ သုံးစွဲသင့်သည်။ Windows 10 သည် ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီများ အတွက် driver များ update ပြု လုပ်ရန် အချိန်အတိုင်းအတာ တစ်ခု အထိရထားပြီး ၎င်းတွင် မမြင်မတွေ့ရသော ပြဿနာများကို ပြင်ဆင်ထားရခြင်းမရှိသေးပေ။ Windows 10 ကို သုံးစွဲလိုသူများသည် ဖိုင်များ အားလုံးကို backup ပြုလုပ်၍ ၎င်း OS ကို ပြောင်းလဲရန် အသင့်ပြင်ဆင်ထားသင့်သည်။ သုံးစွဲသူများ အနေဖြင့် ၁ လ သို့မဟုတ် ၆ လခန့် စောင့်ဆိုင်းလိုက်လျှင် Windows 10 သည်တည်ငြိမ်မှုရှိလာမည် ဖြစ်သည်။
Windows 10 အသုံးပြုဖို့ Clean install ပြုလုပ်ရမှာလား။
Windows 10 ကို အဆင့်မြှင့် တင်ရာတွင် စိတ်ပျက်စရာ အ ကောင်းဆုံးတစ်ခုမှာ  clean install ပြုလုပ်လိုလျှင် installer တွင် တရားဝင် Windows 7 သို့မဟုတ် 8 key ကိုအသုံးပြုရမည် မဟုတ် တော့ပေ။ သုံးစွဲသူအနေဖြင့် Windows 7 သို့မဟုတ် 8 ကို Windows 10 update ပြုလုပ်ပြီး မှသာ clean install ပြုလုပ်ရန် installer ကို အသုံးပြုရမည် ဖြစ်သည်။
Windows 10 မသုံးလိုလျှင် Windows 7 ပြန်သုံးနိုင်သလား။
Windows 10 မှ ယခင် Windows 7 သို့မဟုတ် Windows 8.1 ကို downgrade ပြုလုပ်၍ အသုံးပြုနိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် Windows 10 ကို ဖယ် ရှား၍ ယခင် key အဟောင်းဖြင့် Windows ဗားရှင်းဟောင်းများကို ပြန်လည် install ပြုလုပ်နိုင်သည်။
သို့ရာတွင် ၎င်းလုပ်ငန်းစဉ်မှာ Windows 10 ကို install ပြုလုပ်ပြီးနောက် ပထမဆုံး ရက် ၃၀ အတွင်းသာ ပြုလုပ်နိုင်မည် ဖြစ်သည်။
အကယ်၍ ရက် ၃၀ အထက်ကျော်လွန်သွားပါက ကွန်ပျူတာတွင် သိမ်းဆည်းထားသော rollback ဖိုင်များ ပျက်သွားမည် ဖြစ်ပြီး ယခင် Windows ဗားရှင်းကို ပြန်သွင်းရန် မလိုအပ်ဘဲ downgrade ပြုလုပ်သော လုပ်ငန်းစဉ်မှာ ဖြစ်နိုင်ခြေမရှိတော့ပေ။
App အဟောင်းနှင့် ဆက်စပ်ပစ္စည်းများ ဆက်အသုံးပြုနိုင် သေးသလား။
Windows 10 တွင် အသုံးမပြုနိုင်သည့် app များမရှိသေးပေ။ သို့သော်လည်း Windows 7 တွင် အသုံးပြုရ အဆင်ပြေသည့် photo print သည်လည်း Windows 8 driver များမရှိသလို Windows 10 ထောက်ပံ့မှု မရရှိသေးပေ။ Win-dows 10 တွင် app ၏ update များအလိုအလျောက် download ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ အလို အလျောက် update ပြုလုပ်ပေးသည့် setting များကို Windows 10 တွင်ပြောင်းလဲထားနိုင်သည်။
Solitaire နဲ့ DVD Playback ကို ငွေပေးချေပြီး သုံးရမှာလား။
Microsoft သည် နှစ် ၂၀ ကျော်ခန့် Windows OS များ တွင် ပါဝင်ခဲ့သော Solitarie နှင့် Minesweeper app များကို Windows 8 ၌ ဖယ်ထုတ်ခဲ့သည်။ Windows 10 တွင်လည်း Solitarire နှင့် Minesweeper ဂိမ်းများကစားလိုပါက တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၀ ပေးရမည် ဖြစ်သည်။ Windows 7 မှ Windows 10 ပြောင်းလဲ အသုံးပြုရာတွင် ထူးခြားမှာ DVD playback ထောက်ပံ့မှု ပါဝင်လာခြင်း မရှိပေ။ သုံးစွဲသူများ အနေဖြင့် data DVD များ ဆက်လက် အသုံးပြုနိုင်သေးသော်လည်း Windows အတွင်း DVD ဗွီဒီယို playback အတွက် လိုင်စင်လည်း မပါဝင်ပေ။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကွန်ပျူတာအတွင်း ပုံမှန် DVD ရုပ် ရှင်များ ထည့်သွင်း၍ ကြည့်ရှု၍ မရနိုင်သောကြောင့် တရားဝင် Windows အတွက် Microsoft DVD App ကို ၁၅ ကန်ဒေါ်လာဖြင့် ဝယ်ယူရမည် ဖြစ်သည်။
Ref: Howtogeek
Credit internetjournal
လေးစားစွာဖြင့်
NayLinHtet(အိုင်တီလမ်းညွှန်)


Windows 10 ႏွင့္ ပတ္သက္၍ သိထားရမည့္ အခ်က္မ်ား
ယခုအခါတြင္ Windows 10 ကို အခမဲ့ download ျပဳလုပ္၍ install ျပဳလုပ္ထားသည့္ သူမ်ားသည္ Windows ဗားရွင္းသစ္ႏွင့္ ပတ္သက္၍ သတင္းအခ်က္ အလက္မ်ား သိရွိလိုၾကသည္။ ထို႔ ေၾကာင့္ သုံးစြဲသူမ်ားကHow-to geek ဝက္ဘ္ဆိုက္ထံသုိ႔ အီးေမးလ္မ်ား ေပးပို႔၍ Windows 10 ႏွင့္ ပတ္သက္၍ ေမးခြန္းေပါင္းရာေပါင္း မ်ားစြာကို ေမးျမန္းၾကသည္။ ေအာက္ေဖာ္ျပပါ ေမးခြန္းမ်ားသည္ How-to geek ဝက္ဘ္ဆိုက္သုိ႔ လူေပါင္းမ်ားစြာက မၾကာခဏ ေမးျမန္းၾကသည့္ ေမးခြန္းမ်ား ျဖစ္ပါသည္။
Windows 10 က အခမဲ့လား။

လူမ်ားအၾကားတြင္ ၿပီးခ့ဲသည့္ႏွစ္က မိတ္ဆက္ခဲ့သည့္ Windows 10 ၏ ေစ်းႏႈန္းႏွင့္ ပတ္သက္၍ ေရာေထြးမႈမ်ား ျဖစ္ေပၚေနသည္။ Microsoft အေနျဖင့္၎ OS သစ္ကို တိုးတက္လာေစရန္ ေဆာင္ရြက္ျခင္းႏွင့္ beta ဗားရွင္း စမ္းသပ္ စဥ္ကာလအတြင္း upgrade ႏွင့္ ေစ်းႏႈန္း သတ္မွတ္ေရး အစီအစဥ္ တုိ႔ကို အႀကိမ္ေရ အနည္းငယ္ ခန္႔ ေျပာင္းလဲခဲ့သည္။
သုံးစြဲသူ အမ်ားအျပားအတြက္ ရည္္ရြယ္၍ Windows 10 သည္ ႁခြင္းခ်က္မရွိ အခမဲ့ျဖစ္ သည္။ လက္ရွိတြင္ သင့္အေနျဖင့္ တရားဝင္Windows 7 သုိ႔မဟုတ္ Windows 8.1 အသုံးျပဳထားပါက Windows 10 ကိုအခမဲ့ အဆင့္ျမႇင့္တင္ႏိုင္သည္။ အကယ္၍ pirate ဗားရွင္း အသုံးျပဳထားသည့္ Windows ထုတ္ကုန္တြင္လည္း အခမဲ့ အဆင့္ျမႇင့္တင္မႈ မ်ား ျပဳလုပ္ႏိုင္ေၾကာင္း Microsoft မွ အရိပ္အႁမြက္ ေျပာၾကားခဲ့သည္။ Windows 7/ Home/Basic/Premium ႏွင့္ Windows 8.1 သုံးစြဲသူမ်ား သည္ Windows 10 Home ကို အခမဲ့ အဆင့္ျမႇင့္တင္ႏိုင္သည္။ Windows 7 Professional/ Ultimate ႏွင့္ Windows 8.1 Pro သုံးစြဲသူမ်ားသည္ Windows 10 Pro အား အခမဲ့ အဆင့္ျမႇင့္တင္မႈ ျပဳလုပ္ႏိုင္သည္။
သတိျပဳရန္မွာ Windows 10 စတင္ထြက္ရွိလာသည့္ ပထမဆုံး ႏွစ္တြင္သာ အဆင့္ျမႇင့္တင္မႈမ်ား အခမဲ့ ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။ Windows 10 ကို ၂၉.၇.၂၀၁၅ တြင္ တရားဝင္ ျဖန္႔ခ်ိခဲ့ေသာေၾကာင့္ ၎အဆင့့္ျမႇင့္တင္မႈကို၂၈.၇.၂၀၁၆ အထိသာ အသုံးျပဳ ႏိုင္မည္ ျဖစ္သည္။
Windows 10 ကုိဘယ္လိုရယူ အသုံးျပဳမလဲ။
Windows 10 သုံးစြဲလိုသူမ်ား အေနျဖင့္ Microsoft မွ Windows 10 intaller tool ကို download ျပဳလုပ္ၿပီး reboot တြင္ install ျပဳလုပ္ကာ သုံးစြဲႏိုင္သည္။ ၎လုပ္ ငန္းစဥ္သည္ အလြန္ ႐ိုးရွင္းၿပီး အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ရာ တြင္ လြယ္ကူေခ်ာေမြ႕မႈ ရွိ သည္။ Windows 7 သုိ႔မဟုတ္ 8.1 မွ Windows 10 သုိ႔ update ျပဳလုပ္သည့္အခါ အင္တာနက္ ခ်ိတ္ဆက္မႈျဖင့္လည္း download ျပဳလုပ္ႏိုင္သည္။
ကြန္ပ်ဴတာတိုင္းမွာ Windows 10 အသုံးျပဳႏိုင္မလား။
သုံးစြဲသူ တစ္ဦးခ်င္းစီ၏ အသုံးျပဳထားသည့္ ကြန္ပ်ဳတာအေပၚ မူ တည္၍ ေမးျမန္းထားသည့္ ေမးခြန္းတစ္ခု ျဖစ္သည္။ Windows 7 သုိ႔မဟုတ္ Windows 8 အသုံးျပဳေနသည့္ သုံးစြဲသူမ်ားတြင္ hardware သစ္မ်ား အသုံးျပဳထား ပါက ၎တို႔၏ ကြန္ပ်ဴတာတြင္ Windows 10 အသုံးျပဳႏိုင္မည့္ အခြင့္အေရးမ်ားျပားမည္ ျဖစ္သည္။ သုိ႔မဟုတ္ပါက Windows XP သုံးစြဲထားသည့္ ကြန္ပ်ဴတာမ်ားတြင္ Windows 7 ကို စိတ္ေက်နပ္မႈ အျပည့္အဝျဖင့္ အသုံးမျပဳႏိုင္လွ်င္ Windows 10 အား ေကာင္းမြန္စြာ အသုံးျပဳႏိုင္မည္ မ ဟုတ္ေပ။
Windows 10 ကုိ အဆင့္ျမႇင့္တင္ မႈ လုပ္ကို လုပ္ရမွာလား။
Windows သုံးစြဲသူမ်ား အေနျဖင့္ Windows 10 ကုိမျဖစ္မေန ေျပာင္းလဲအသုံးျပဳရန္ မလိုအပ္ ေပ။ Microsoft အေနျဖင့္ Windows 10 ထုတ္ကုန္ အလြန္ အမင္း ေၾကာ္ျငာမႈမ်ား ျပဳလုပ္ေန ေသာ္လည္း သုံးစြဲသူမ်ား ဆႏၵရွိမွသာ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ႏိုင္သည္။
Windows 10 အဆင့္ျမႇင့္တင္မႈ လုပ္သင့္သလား။
Windows 10 သည္ Windows 7 ႏွင့္ အလြန္အမင္းကြာျခားသြားသည္။ Windows 10 မွ တုိးတက္ ေျပာင္းလဲမႈမ်ားသည္ Windows 8 ၏ အားနည္း ခ်က္မ်ားေၾကာင့္ ေပၚထြက္လာျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ Windows 8 ကို ဦးစြာ update ျပဳလုပ္၍ သုံးစြဲသင့္သည္။ Windows 10 သည္ ထုတ္ကုန္ ထုတ္လုပ္သည့္ ကုမၸဏီမ်ား အတြက္ driver မ်ား update ျပဳ လုပ္ရန္ အခ်ိန္အတိုင္းအတာ တစ္ခု အထိရထားၿပီး ၎တြင္ မျမင္မေတြ႕ရေသာ ျပႆနာမ်ားကို ျပင္ဆင္ထားရျခင္းမရွိေသးေပ။ Windows 10 ကုိ သုံးစြဲလိုသူမ်ားသည္ ဖိုင္မ်ား အားလုံးကို backup ျပဳလုပ္၍ ၎ OS ကို ေျပာင္းလဲရန္ အသင့္ျပင္ဆင္ထားသင့္သည္။ သုံးစြဲသူမ်ား အေနျဖင့္ ၁ လ သုိ႔မဟုတ္ ၆ လခန္႔ ေစာင့္ဆိုင္းလိုက္လွ်င္ Windows 10 သည္တည္ၿငိမ္မႈရွိလာမည္ ျဖစ္သည္။
Windows 10 အသုံးျပဳဖုိ႔ Clean install ျပဳလုပ္ရမွာလား။
Windows 10 ကို အဆင့္ျမႇင့္ တင္ရာတြင္ စိတ္ပ်က္စရာ အ ေကာင္းဆုံးတစ္ခုမွာ clean install ျပဳလုပ္လိုလွ်င္ installer တြင္ တရားဝင္ Windows 7 သုိ႔မဟုတ္ 8 key ကိုအသုံးျပဳရမည္ မဟုတ္ ေတာ့ေပ။ သုံးစြဲသူအေနျဖင့္ Windows 7 သုိ႔မဟုတ္ 8 ကုိ Windows 10 update ျပဳလုပ္ၿပီး မွသာ clean install ျပဳလုပ္ရန္ installer ကို အသုံးျပဳရမည္ ျဖစ္သည္။
Windows 10 မသုံးလိုလွ်င္ Windows 7 ျပန္သုံးႏိုင္သလား။
Windows 10 မွ ယခင္ Windows 7 သုိ႔မဟုတ္ Windows 8.1 ကို downgrade ျပဳလုပ္၍ အသုံးျပဳႏိုင္သည္။ ထုိ႔အျပင္ သုံးစြဲသူမ်ားသည္ Windows 10 ကို ဖယ္ ရွား၍ ယခင္ key အေဟာင္းျဖင့္ Windows ဗားရွင္းေဟာင္းမ်ားကို ျပန္လည္ install ျပဳလုပ္ႏိုင္သည္။
သို႔ရာတြင္ ၎လုပ္ငန္းစဥ္မွာ Windows 10 ကုိ install ျပဳလုပ္ၿပီးေနာက္ ပထမဆုံး ရက္ ၃၀ အတြင္းသာ ျပဳလုပ္ႏုိင္မည္ ျဖစ္သည္။
အကယ္၍ ရက္ ၃၀ အထက္ေက်ာ္လြန္သြားပါက ကြန္ပ်ဴတာတြင္ သိမ္းဆည္းထားေသာ rollback ဖိုင္မ်ား ပ်က္သြားမည္ ျဖစ္ၿပီး ယခင္ Windows ဗားရွင္းကို ျပန္သြင္းရန္ မလိုအပ္ဘဲ downgrade ျပဳလုပ္ေသာ လုပ္ငန္းစဥ္မွာ ျဖစ္ႏိုင္ေျခမရွိေတာ့ေပ။
App အေဟာင္းႏွင့္ ဆက္စပ္ပစၥည္းမ်ား ဆက္အသုံးျပဳႏိုင္ ေသးသလား။
Windows 10 တြင္ အသုံးမျပဳႏိုင္သည့္ app မ်ားမရွိေသးေပ။ သို႔ေသာ္လည္း Windows 7 တြင္ အသုံးျပဳရ အဆင္ေျပသည့္ photo print သည္လည္း Windows 8 driver မ်ားမရွိသလို Windows 10 ေထာက္ပံ့မႈ မရရွိေသးေပ။ Win-dows 10 တြင္ app ၏ update မ်ားအလိုအေလ်ာက္ download ျပဳလုပ္ေပးလ်က္ရွိသည္။ ထိုသုိ႔ အလို အေလ်ာက္ update ျပဳလုပ္ေပးသည့္ setting မ်ားကို Windows 10 တြင္ေျပာင္းလဲထားႏိုင္သည္။
Solitaire နဲ႔ DVD Playback ကို ေငြေပးေခ်ၿပီး သုံးရမွာလား။
Microsoft သည္ ႏွစ္ ၂၀ ေက်ာ္ခန္႔ Windows OS မ်ား တြင္ ပါဝင္ခဲ့ေသာ Solitarie ႏွင့္ Minesweeper app မ်ားကို Windows 8 ၌ ဖယ္ထုတ္ခဲ့သည္။ Windows 10 တြင္လည္း Solitarire ႏွင့္ Minesweeper ဂိမ္းမ်ားကစားလိုပါက တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၂၀ ေပးရမည္ ျဖစ္သည္။ Windows 7 မွ Windows 10 ေျပာင္းလဲ အသုံးျပဳရာတြင္ ထူးျခားမွာ DVD playback ေထာက္ပံ့မႈ ပါဝင္လာျခင္း မရွိေပ။ သုံးစြဲသူမ်ား အေနျဖင့္ data DVD မ်ား ဆက္လက္ အသုံးျပဳႏိုင္ေသးေသာ္လည္း Windows အတြင္း DVD ဗြီဒီယို playback အတြက္ လုိင္စင္လည္း မပါဝင္ေပ။ ထို႔ေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ ကြန္ပ်ဴတာအတြင္း ပုံမွန္ DVD ႐ုပ္ ရွင္မ်ား ထည့္သြင္း၍ ၾကည့္႐ႈ၍ မရႏိုင္ေသာေၾကာင့္ တရားဝင္ Windows အတြက္ Microsoft DVD App ကို ၁၅ ကန္ေဒၚလာျဖင့္ ဝယ္ယူရမည္ ျဖစ္သည္။
Ref: Howtogeek
Credit internetjournal
လးစားစြာျဖင့္
NayLinHtet(အုိင္တီလမ္းညႊန္)

No comments:

Post a Comment

မင်္ဂလာပါ..