menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Power Supply ပျက်လျှင်သိနိုင်သည့်အချက်များ
Power Supply ပျက်လျှင်သိနိုင်သည့်အချက်များ
1. Crashes
Power Supply ပျက်လျှင် မမျှော်လင့်ပဲရုတ်တရက် ပါဝါမလာတော့ခြင်း (သို့) Restart ခဏခဏကျနေခြင်း၊ Processor နဲ့ RAM တို့ရဲ့ Heat က သာမန်ထက်ပို၍ပူလာခြင်းဟာ Power Supply ကိုပျက်စီးစေနိုင်တဲ့ Symptom တွေပဲဖြစ်ပါတယ်။
2. Heat
Power Supply ပျက်ပြီဆိုရင် အရမ်းပူလာပြီး လက်နဲ့ထိရင်တောင် အရေပြားလောင်တဲ့အထိဖြစ်နိုင်ပါတယ်။ အတွင်းက Fan လည်နှုန်းတအားနှေးသွားလို့ အပူတွေမတရားထွက်လာတာဖြစ်ပါတယ်။ ထို့အတူ CPU နဲ့ RAM တွေရဲ့ Temperature တွေလည်းမြင့်တက်လာစေနိုင်ပါတယ်။
3. Noise & Smell
Fan လည်တဲ့အသံက မနည်းရုန်းနေရတဲ့အသံ (သို့) တာအားဆူညံနေသလား နားထောင်ကြည့်ရင် သိနိုင်ပါတယ်။ Power Supply နားကပ်ကြည့်လို့ မီးခိုးနံ့ရနေရင် Power Supply ပျက်ပြီဆိုတာ သေချာပါတယ်။
4. Startup Failture
ကွန်ပျူတာ Power စဖွင့်ဖွင့်ချင်းမှာကိုက ဘာမှကို မလာတော့တာ Power Supply Fan လည်တဲ့အသံမကြားရသလို Power လုံးဝကိုမထွက်တော့တာမျိုးဖြစ်ပါတယ်။ ဒါဆိုရင် Motherboard နဲ့ တခြား Peripheral Device တွေကို Power မရောက်တော့ပါဘူး။ Motherboard ဟာ Power မရတော့တဲ့အတွက် Power Supply ပျက်တဲ့ လက္ခဏာပါပဲ။
5. Unexpected Shut Down
မမျှော်လင့်ပဲ သုံးနေတုန်း Shut Down ဖြစ်ဖြစ်သွားခြင်းဟာ Power Supply ပျက်စီးတဲ့ Symptom တစ်ခုဖြစ်ပါတယ်။
6. Quick Shut Down
Power တော့ On လို့ရပါရဲ့ POST လုပ်ငန်းစဉ် လုပ်နေတုန်းပဲရှိသေးတယ် မြန်မြန်ဆန်ဆန်ပဲ Shut Down ဖြစ်ပြီး Power Freeze ဖြစ်သွားတယ်ဆိုရင်လည်း Power Supply မကောင်းတော့တဲ့လက္ခဏာဖြစ်ပါတယ် ဆိုတဲ့အကြောင်းပြောပြရင်း ကွန်ပျူတာပြုပြင်ရန် စဉ်းစားနိုင်သည့်အချက် (၄) ကို တင်ပေးလိုက်ပါတယ်။\
Credit..
1. Crashes
2. Heat
3. Noise & Smell
4. Startup Failture
5. Unexpected Shut Down
6. Quick Shut Down
Credit..မူရင်း
No comments:
Post a Comment
မင်္ဂလာပါ..