menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Monitor တစ်လုံး ရွေးချယ်ရာတွင်

 




 အခုနောက်ပိုင်းမှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက် ပြီ ဖြစ် ပါတယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် (၇) ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။


အဲဒါတွေကတော့


(1) Resolution


(2) Contract Ratio


(3) Monitor Ratio


(4) Response Time


(5) View Angle


(6) Port (DVI/VGA) နဲ့


(7) Warranty တို့ပဲ ဖြစ်ပါတယ်။


အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေ ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

အသေးစိတ်ကို အောက်မှာ ဆက်လက်လေ့လာပါ...






(1) Resolution


Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏ နဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခု ကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့် အစက်အရေအတွက် ရပါတယ်။



(2) Contract Ratio


Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ်ပါ တယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။



(3) Monitor Ratio


Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာရှိ တဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုးမှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT မော်နီတာတွေ မှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။



(4) Response Time


မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။



(5) View Angle


Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်း ကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်း တာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။



(6) Port


မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။



(7) Warranty


Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေမယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။


Video ဖြင့် လေ့လာကြည့်ဖို့ရာ..  Video play now


Computer Monitor တွေရဲ့ Refresh Rate တွေကအရေးပါသလား?

60Hz ~ 144 Hz ~ 240Hz
_____________________________

Monitor အသစ်တစ်လုံးဝယ်တဲ့ အခါမှာ စဉ်းစားစရာ အချက်တွေက screen size, resolution, aspect ratio တွေပဲဖြစ်ပါတယ်။ အဲ့ဒီအချက်တွေတင်မကသေးပဲ နောက်တစ်ချက် ဖြစ်တဲ့ refresh rate ဆိုတာကို ကျွန်တော်တို့ကြားဖူးကြပါတယ်။ ကဲဒါဆိုရင် refresh rate ဆိုတာဘာလည်း ဆိုတာကိုအနည်းနဲ့အများ သိရှိသွားအောင် ရေးသားလိုက်ပါတယ်။
.

Refresh rate ဆိုတာဘာလဲ?
__________________

Monitor တစ်လုံးရဲ့ refresh rate ဆိုတာက တစ်စက္ကန့်ကို မော်နီတာပေါ်မှာ မြင်နေရတဲ့ ပုံဘယ်နှစ်ကြိမ်ပြောင်းလည်းသလဲဆိုတာကို တိုင်းတဲ့အတိုင်းအတာပဲဖြစ်ပါတယ်။ အဲ့ဒါကို Hertz(Hz) ဆိုတာနဲ့တိုင်းပါတယ်။ Refresh rate ဆိုတာ frame rate ကိုပြောတာမဟုတ်ပါဘူး။ Frame rate ဆိုတာက program တစ်ခုကနေ သင့် display ကို တစ်စက္ကန့်အတွင်း ပေးပို့တဲ့ video frame ပမာဏကိုပြောတာပါ။ အဲ့ဒီပေးပို့လိုက်တဲ့ frame တွေကို တစ်က္ကန့်အတွင်း ဘယ်နှစ်ကြိမ် update လုပ်ပြီးပြနိုင်လဲဆိုတဲ့ နှုန်းကိုတော့ “Monitor Refresh Rate” လို့ဆိုပါတယ်။ ဥပမာ game တစ်မျိုးက 100FPS(Frame Per Second) နဲ့ runနေတယ်ဆိုရင် refresh rate များတဲ့ monitor နဲ့ဆိုရင် လှုပ်ရှားမှုတွေကို ပိုမိုချောချောမွတ်မွတ် မြင်တွေ့ရမှာပါ။ ပုံမှန် monitor တွေဟာ refresh rate 60Hz နဲ့ပါ။ ဒါပေမဲ့ တခြား rate တွေဖြစ်တဲ့ 144Hz၊ 240Hz နဲ့ monitor တွေလည်းရှိပါတယ်။
.
Refresh rate တွေကဘယ်အချိန်မှအရေးပါတာလည်း?
_______________

Game နဲ့ ရုပ်ရှင်ကြည့်တာတွေကို ကောင်းကောင်းမွန်မွန်ကြည့်ချင်ရင် refresh rate များတဲ့ monitor ဝယ်လိုက်ရုံပဲလား?။ မဟုတ်ပါဘူး။ အပေါ်ကပြောသလိုပဲ refresh rate ဆိုတာ frame rate မဟုတ်ပါဘူး။ အဲ့ဒီ frame တွေကို ဘယ်လောက်မြန်မြန် update လုပ်နိုင်သလဲဆိုတာပါ။ Game နဲ့ Video တွေ Smooth ဖြစ်တာက frame rate တွေကြာင့်လည်းပါပါတယ်။ အဲ့ဒီတော့ Refresh များတဲ့ monitor တွေကိုဝယ်မယ်ဆိုရင် အဲ့ဒီ refresh rate ကိုကောင်းကောင်း အသုံးချဖို့ သင့် computer က frame rate များများပို့ပေးနိုင်ဖို့လိုပါတယ်။ Productivity Application တွေဖြစ်တဲ့ Microsoft Officeတို့၊ Photoshop ( Animation မလုပ်ရင် ) စတဲ့ Application များစုနဲ့၊ Video တွေကြည့်တဲ့အခါမှာတော့ refresh rate ကလုံး၀ အရေး မပါပါဘူး။ Video အများစုက 24FPs နဲ့သွားတာဖြစ်လို့ 60Hz monitor တိုင်းကောင်းကောင်းနိုင်ပါတယ်။ ဒါပေမဲ့ Video တိုင်းကတော့ 24FPs နဲ့မဟုတ်ဘူးဆိုတာ သတိပြုစေလိုပါတယ်။
Refresh Rate တွေတကယ့် အရေးပါတဲ့ နေရာက Game ကစားတဲ့အခါမှာပါ။ ဘာလို့လည်းဆိုတော့ Graphics ကဒ်ကောင်းကောင်းတွေက FPSအများကြီးထုတ်တတ်ပါတယ်။ အဲ့ဒီတော့ 60Hz refresh rate ထက်များတဲ့ monitor တွေနဲ့မှ 100 FPs နဲ့ အထက် game တွေကိုကစားရ တာကောင်းမှာပါ။ 60Hz refresh rate ပဲရှိတဲ့ mointor မှာ graphic card ကောင်းလို့ FPs များများလာတဲ့ဂိမ်း (ဥပမာ - 60Fps အထက်) တွေကို display ပြရင် screen ပေါ်မှာ ပြတဲ့ပုံက အပိုင်းပိုင်းပြတ်နေတာတွေရှိမှာပါ။
အဲ့ဒါကို "screen tearing” လို့လူသိများပါတယ်။
နောက်ဆုံး အနေနဲ့ monitor ဝယ်တဲ့အခါမှာ ဘယ်လောက် refresh rate ကိုဝယ်ရမလဲဆိုတာက ကိုယ်ဘာအတွက် ဒီ monitor ကိုအသုံးပြုမှာလည်းဆိုတာအပေါ်မူတည်ပါတယ်။ သာမန် သုံးပဲဆိုရင်တော့ 60Hz ကသင့်တော်ပါတယ်။ Refresh rate ကိုထည့်စဉ်းစားဖို့ လိုတဲ့သူတွေကတော့ တကယ့် serious ဖြစ်တဲ့ gamer တွေပဲများပါတယ်။ သာမန်အသုံးပြုသူတွေ၊ ဂိမ်းကိုရံဖန်ရံခါသာကစားသူတွေအတွက်ကတော့ အဲ့ဒီလောက် 60Hz ထက်ပိုမလို့လောက်ဘူးလို့ ယူဆလို့ရပါတယ်။ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ စားလုံးပေါင်းမှားတာတွေ၊ typo တွေပါသွားရင် သည်းခံပေးပါ။

Credit - zer0eXploit


အပိုင်း ၃
Screen Resolution နဲ့ ပတ်သက်ပြီး Monitors အကြောင်း အမေးများတဲ့ မေးခွန်းလေးတွေရဲ့ အဖြေကို အောက်ပါ စာလေးကို ဆုံးအောင်ဖတ်ကြည့်ခြင်းဖြင့် အတန်အသင့် နားလည်သွားမယ်လို့ ယူဆမိပါတယ်😊
=====================
Screen တွေမှာရှိတဲ့ resolutionတွေဖြစ်တဲ့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K စတာတွေကတစ်ခုနဲ့တစ်ခု ဘာကွာသလဲ?
Resolution ဆိုတာကို screen တစ်ခုမှာရှိတဲ့ pixel စုစုပေါင်း ရဲ့အရေအတွက်လို့သုံးရင်မှားပါတယ်။ အမှန်တကယ်မှာတော့ resolution ဆိုတာ တစ်ယူနစ် area မှာရှိတဲ့ pixel အရည်အတွက်ကိုပြောတာပါ။ နောက်ထပ်တစ်ခုဖြစ်တဲ့ PPI (pixel per inch) ဆိုတဲ့ တာကတော့ pixel လေးတွေဘယ်လောက်သိပ်သိပ်သည်းသည်းရှိနေသလဲဆိုတာကိုပြတဲ့ အတိုင်းအတာဖြစ်ပါတယ်။ Resolution တွေမှာ p နဲ့ I ဆိုပြီးတော့ နောက်ဆုံး စာလုံးနှစ်မျိုးကို သင်မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ P ကတော့ progressive display ကိုပြောတာဖြစ်ပြီးတော့ I ကတော့ interlaced display ကိုပြောတာပါ။ သူတို့နှစ်ခုရဲ့ကွာခြားချက်ကတော့ ရုပ်ပုံတွေကို ဖန်သားပြင်ပေါ်မှာ ပြတဲ့နည်းလမ်းပါ။
High-definition TV တွေ monitor တွေစထွက်တဲ့ အချိန်မှာတော့ ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အသုံးပြုသူတွေအလွယ်သိရှိအောင်ဆိုပြီးတော့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K ဆိုပြီးတော့ အဲ့ဒီ screen တွေရဲ့ display resolution တွေကို အလွယ်နည်းနဲ့ ဖော်ပြလာပါတော့တယ်။ ဒီလိုဖော်ပြတဲ့နေရာမှာ TV တွေရော computer monitor တွေရောကိုပါ ဖော်ပြကြပါတယ်။
Resolution ကို အလျားအလိုက် စီထားတဲ့ pixel အရေအတွက်နဲ့ ဒေါင်လိုက် စီထားတဲ့ pixel အရေအတွက် များရဲ့ မြှောက်လဒ်များ အဖြစ်ဖော်ပြပါတယ်။ ဥပမာ အနေနဲ့ဆိုရင်တော့ 640 x 480 = 307200 pixels ။
720p = 1280 x 720 – ကို HD သို့ “HD ready” resolution လို့သိရှိကြပါတယ်။
------
1080p = 1920 x 1080 - ကိုတော့ FHD ဒါမှမဟုတ် "Full HD" resolution ဖြစ်ပါတယ်။
------
1440p = 2560 x 1440 - ကိုတော့ QHD ဒါမှမဟုတ် Quad HD resolution လို့လူသိများပါတယ်။ ဒီလို screen တွေကိုတော့ gaming monitor တွေနဲ့ high-end ဖုန်းတွေမှာတွေ့ရတတ်ပါတယ်။ 1440p ဟာ HD သို့ “HD ready” resolution ရဲ့ 4 ဆဖြစ်ပြီးတော့ တချို့ premium ဖုန်းတွေမှာဆိုရင် 2960x1440 Quad HD+ resolution နဲ့တောင်မှ လာကြပါတယ်။
------
4K or 2160p = 3840 x 2160 -ကိုတော့ 4K, UHD or Ultra HD resolution လို့လူသိများပြီး premium TV တွေနဲ့ monitor တွေမှာ တွေ့ရတတ်ပါတယ်။ ဒီကောင့်ကို 4K လို့ခေါ်ရတဲ့ အကြာင်းကတော့ သူ့ရဲ့ အကျယ်က 4000 pixels နားကပ်နေလို့ပါ။ 1080p FHD or "Full HD." ရဲ့ pixel အရေအတွက်ထက် 4ဆ ပိုများပါတယ်။
------
8K လည်းရှိပါသေးတယ်။ 8K ကတော့ pixel 7680 x 4320 ရှိပါတယ်။
ကိုယ့် screen မှာရှိတဲ့ resolution ထက်ပိုတဲ့ video တွေကိုကြည့်လို့ရပါ့မလား?
========
ရပါတယ်။ သင့် screen က 720p ပဲရှိတယ်လို့ ဥပမာဆိုကြပါဆို့။ သင်ဟာ 1080p ရှိတဲ့ video တစ်ခုကို ကြည့်လို့ရပါတယ်။ သင့် display ဟာ downsampling ဆိုတဲ့နည်းပညာကိုသုံးပြီးတော့ သင့် resolution နဲ့ကိုက်ညီအောင် video resolution ကိုလိုက်ညှိပေးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ သင့်မှာ 720p ပဲရှိပြီးတော့ 4K video ကိုကြည့်လည်း သင်က 720p ကိုပဲမြင်ရမှာဖြစ်ပါတယ်။
သင့်မှာ ရှိတဲ့ resolution ?
=======
http://whatismyscreenresolution.net/ ဆိုတဲ့ အင်တာနက် စာမျက်နှာကို သွားရောက်ခြင်းအားဖြင့် သင့် screen resolution ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ အလွယ်ဆုံးနဲ့ အမြန်ဆုံးကို ဖော်ပြထားတာဖြစ်ပါတယ်။





ZAWGYI 
အခုေနာက္ပိုင္းမွာ CRT ေမာ္နီတာေတြရဲ႕ ေနရာကို LCD ေမာ္နီတာေတြက အစားထိုး ဝင္ေရာက္ေနရာယူလိုက္ ၿပီ ျဖစ္ ပါတယ္။ LCD ေမာ္နီတာေတြ ဝယ္ယူတဲ့အခါမွာ ေအာက္ပါ အခ်က္ (၇) ခ်က္ေပၚ အဓိကထား ႏႈိင္းယွဥ္ ၿပီး ဝယ္ယူသင့္ပါတယ္။

အဲဒါေတြကေတာ့

(1) Resolution

(2) Contract Ratio

(3) Monitor Ratio

(4) Response Time

(5) View Angle

(6) Port (DVI/VGA) နဲ႔

(7) Warranty တို႔ပဲ ျဖစ္ပါတယ္။

အခုေဖာ္ျပေပးထားတဲ့ အခ်က္ေတြနဲ႔ ပတ္သက္တဲ့ သိရွိထားသင့္တာေတြ ကို ေရးသားေဖာ္ျပေပးလိုက္ပါတယ္။


(1) Resolution

Resolution ဆိုတာကေတာ့ ေမာ္နီတာေပၚမွာ ပံုေဖာ္ေပးႏိုင္မယ့္ အစက္အေျပာက္အေရအတြက္ပဲ ျဖစ္ပါတယ္။ resolution မ်ားေလ ေမာ္နီတာရဲ႕ ၾကည္လင္ျပတ္သားမႈ ပိုေကာင္းေလပါပဲ။ resolution ကို pixel ပမာဏ နဲ႔ ေဖာ္ျပ ေပးပါတယ္။ ဥပမာ ေမာ္နီတာရဲ႕ resolution 1280 x 1024 megapixel ဆုိရင္ အဲဒီႏွစ္ခု ကို ေျမႇာက္ရန္ ေမာ္နီတာမွာ ပံုေဖာ္ေပးမယ့္ အစက္အေရအတြက္ ရပါတယ္။


(2) Contract Ratio

Contract Ratio ဆုိတာကေတာ့ ပံုရိပ္ေဖာ္ရာမွာ အသံုးျပဳတဲ့ အစက္အေျပာက္ တစ္ခုခ်င္းစီရဲ႕ အေတာက္ပဆံုး အျဖဴေရာင္နဲ႔ အနက္ေရာင္စစ္စစ္တုိ႔ကို ဘယ္ေလာက္အထိ ရလဲဆိုတာကို တုိင္းတာတဲ့ အတုိင္းပဲျဖစ္ပါတယ္။ Contract Ratio ကြာျခားခ်က္ တန္ဖိုးျမင့္ေလ ေဖာ္ျပတဲ့ ပံုရိပ္ရဲ႕ ၾကည္လင္ေတာက္ပမႈ ပိုအားေကာင္းေလ ျဖစ္ပါ တယ္။ စကရင္ ဆိုဒ္အရြယ္အစား တူညီတဲ့ အမ်ဳိးအစားမတူတဲ့ ေမာ္နီတာ ႏွစ္မ်ဳိးကို ေရြးခ်ယ္တဲ့ အခါမွာေတာ့ Contract Ratio ပိုမ်ားတာကို ေရြးခ်ယ္သင့္ပါတယ္။


(3) Monitor Ratio

Monitor Ratio ဆုိတာကေတာ့ ေမာ္နီတာရဲ႕ အလ်ားနဲ႔ အနံအခ်ိဳးကို ဆုိလိုတာျဖစ္ၿပီး အခုေစ်းကြက္ထဲမွာရွိ တဲ့ ေမာ္နီတာေတြမွာ square view နဲ႔ wide view ဆုိၿပီး ႏွစ္မ်ဳိး ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။ wide view အခ်ဳိးမွာေတာ့ 16:10 နဲ႔ 16:9 ဆိုၿပီး ႏွစ္မ်ဳိးရွိၿပီး square view အခ်ဳိးကေတာ့ 4:3 ျဖစ္ပါတယ္။ 4:3 ကေတာ့ CRT ေမာ္နီတာေတြ မွာသံုးတဲ့ အခ်ဳိးအစားျဖစ္ၿပီး ႐ံုးလုပ္ငန္းသံုးအတြက္ သင့္ေတာ္ပါတယ္။ Wide view ကေတာ့ ႐ုပ္ရွင္ၾကည့္တာမ်ဳိးနဲ႔ Multi-media လုပ္ငန္းသံုးအတြက္ အထူးသင့္ေလ်ာ္ပါတယ္။


(4) Response Time

ေမာ္နီတာေပၚမွာ ပံုရိပ္ေဖာ္ဖို႔အတြက္ pixel ေလးေတြကို အဖြင့္အပိတ္ျပဳလုပ္ေပးရပါတယ္။ အဲဒီလိုလုပ္ေပးရာမွာ ဘယ္ေလာက္ျမန္ျမန္ လုပ္ႏိုင္သလဲဆိုတာကို တုိင္းတာတဲ့ အတုိင္းအတာပဲ ျဖစ္ပါတယ္။ Response Time နည္းပါက ပိုမိုေကာင္းမြန္ပါတယ္။ အခုေစ်းကြက္ထဲမွာေတြ႕ေနရတဲ့ ေမာ္နီတာအမ်ားစုကေတာ့ 2ms, 5ms, 7ms စတာေတြရွိပါတယ္။ 2 milli second (2ms) ဆုိရင္ Response Time က တစ္စကၠန္႔ရဲ႕ တစ္ေထာင္ပံုႏွစ္ပံု ၾကာတာကို ဆိုလုိတာျဖစ္ပါတယ္။


(5) View Angle

Verticle View Angle နဲ႔ Horizonal View Angle ဆိုၿပီး ႏွစ္မ်ဳိးရွိပါတယ္။ ေမာ္နီတာရဲ႕ မ်က္ႏွာျပင္ကို ေဘးေစာင္း ကေန ဘယ္ေလာက္ထိၾကည့္လို႔ရသလဲနဲ႔ အေပၚေအာက္ ဘယ္ေလာက္ထိ ေစာင္းၾကည့္ႏိုင္လဲဆိုတာကို တုိင္း တာတဲ့ အတုိင္းအတာျဖစ္ပါတယ္။ View Angle က်ဥ္းရင္ ေဘးေစာင္းၾကည့္တဲ့အခါ ေမာ္နီတာမ်က္ႏွာျပင္က မည္းေနပါ လိမ့္မယ္။ View Angle က်ယ္ေလ ပိုေကာင္းေလ ျဖစ္ပါတယ္။


(6) Port

ေမာ္နီတာ ဝယ္ယူတဲ့အခါမွာ ဘယ္လို Port ေတြနဲ႔ခ်ိတ္ဆက္အသံုးျပဳလို႔ရလဲဆိုတာကိုပါ သိရွိဖို႔လိုပါတယ္။ DVI port နဲ႔ VGA port ဆိုၿပီး ႏွစ္မ်ဳိးရွိပါတယ္။ DVI port ကေတာ့ ဒစ္ဂ်စ္တယ္ကေန ဒစ္ဂ်စ္တယ္ကို တိုက္႐ိုက္ output အေနနဲ႔ ထုတ္ေပးတဲ့အတြက္ VGA port ထက္ပိုေကာင္းပါတယ္။ သင့္ရဲ႕ system unit မွာ DVI output ပါတယ္ဆိုရင္ေတာ့ DVI port ပါတဲ့ ေမာ္နီတာကို ေရြးခ်ယ္ဝယ္ယူသင့္ပါတယ္။ အခုေနာက္ပိုင္းမွာေပါ့ HD အရည္အေသြးတုိင္း ေထာက္ပံ့ေပးႏိုင္တဲ့ HDMI port ပါဝင္တဲ့ အမ်ဳိးအစားေတြလည္း ဝင္ေရာက္လာပါတယ္။


(7) Warranty

Warranty ကိုေတာ့ ဝယ္ယူတဲ့အခါမွာ ေသခ်ာေမးဝယ္သင့္ပါတယ္။ တခ်ဳိ႕ေတြက Warranty သံုးႏွစ္လို႔ ေျပာေပမယ့္ ဆားဗစ္ပဲ ေပးတာမ်ဳိးရွိပါတယ္။ ဥပမာ - Warranty သံုးႏွစ္ဆုိပါစို႔။ Warranty ကို ဆားဗစ္ေရာ အစိတ္အပိုင္း (parts) ႏွစ္မ်ဳိးလံုး သံုးႏွစ္ ေပးတာလား၊ LCD panel ကိုေရာ သံုးႏွစ္ေပးတာလားဆိုတာကို ေသခ်ာေမးၿပီး ဝယ္ယူသင့္ပါတယ္။





Computer Monitor ေတြရဲ႕ Refresh Rate ေတြကအေရးပါသလား?

60Hz ~ 144 Hz ~ 240Hz
_____________________________

Monitor အသစ္တစ္လုံး၀ယ္တဲ့ အခါမွာ စဥ္းစားစရာ အခ်က္ေတြက screen size, resolution, aspect ratio ေတြပဲျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြတင္မကေသးပဲ ေနာက္တစ္ခ်က္ ျဖစ္တဲ့ refresh rate ဆိုတာကို ကြၽန္ေတာ္တို႔ၾကားဖူးၾကပါတယ္။ ကဲဒါဆိုရင္ refresh rate ဆိုတာဘာလည္း ဆိုတာကိုအနည္းနဲ႔အမ်ား သိရွိသြားေအာင္ ေရးသားလိုက္ပါတယ္။
.

Refresh rate ဆိုတာဘာလဲ?
__________________

Monitor တစ္လုံးရဲ႕ refresh rate ဆိုတာက တစ္စကၠန္႔ကို ေမာ္နီတာေပၚမွာ ျမင္ေနရတဲ့ ပုံဘယ္ႏွစ္ႀကိမ္ေျပာင္းလည္းသလဲဆိုတာကို တိုင္းတဲ့အတိုင္းအတာပဲျဖစ္ပါတယ္။ အဲ့ဒါကို Hertz(Hz) ဆိုတာနဲ႔တိုင္းပါတယ္။ Refresh rate ဆိုတာ frame rate ကိုေျပာတာမဟုတ္ပါဘူး။ Frame rate ဆိုတာက program တစ္ခုကေန သင့္ display ကို တစ္စကၠန္႔အတြင္း ေပးပို႔တဲ့ video frame ပမာဏကိုေျပာတာပါ။ အဲ့ဒီေပးပို႔လိုက္တဲ့ frame ေတြကို တစ္ကၠန္႔အတြင္း ဘယ္ႏွစ္ႀကိမ္ update လုပ္ၿပီးျပႏိုင္လဲဆိုတဲ့ ႏႈန္းကိုေတာ့ “Monitor Refresh Rate” လို႔ဆိုပါတယ္။ ဥပမာ game တစ္မ်ိဳးက 100FPS(Frame Per Second) နဲ႔ runေနတယ္ဆိုရင္ refresh rate မ်ားတဲ့ monitor နဲ႔ဆိုရင္ လႈပ္ရွားမႈေတြကို ပိုမိုေခ်ာေခ်ာမြတ္မြတ္ ျမင္ေတြ႕ရမွာပါ။ ပုံမွန္ monitor ေတြဟာ refresh rate 60Hz နဲ႔ပါ။ ဒါေပမဲ့ တျခား rate ေတြျဖစ္တဲ့ 144Hz၊ 240Hz နဲ႔ monitor ေတြလည္းရွိပါတယ္။
.
Refresh rate ေတြကဘယ္အခ်ိန္မွအေရးပါတာလည္း?
_______________

Game နဲ႔ ႐ုပ္ရွင္ၾကည့္တာေတြကို ေကာင္းေကာင္းမြန္မြန္ၾကည့္ခ်င္ရင္ refresh rate မ်ားတဲ့ monitor ၀ယ္လိုက္႐ုံပဲလား?။ မဟုတ္ပါဘူး။ အေပၚကေျပာသလိုပဲ refresh rate ဆိုတာ frame rate မဟုတ္ပါဘူး။ အဲ့ဒီ frame ေတြကို ဘယ္ေလာက္ျမန္ျမန္ update လုပ္ႏိုင္သလဲဆိုတာပါ။ Game နဲ႔ Video ေတြ Smooth ျဖစ္တာက frame rate ေတြၾကာင့္လည္းပါပါတယ္။ အဲ့ဒီေတာ့ Refresh မ်ားတဲ့ monitor ေတြကို၀ယ္မယ္ဆိုရင္ အဲ့ဒီ refresh rate ကိုေကာင္းေကာင္း အသုံးခ်ဖို႔ သင့္ computer က frame rate မ်ားမ်ားပို႔ေပးႏိုင္ဖို႔လိုပါတယ္။ Productivity Application ေတြျဖစ္တဲ့ Microsoft Officeတို႔၊ Photoshop ( Animation မလုပ္ရင္ ) စတဲ့ Application မ်ားစုနဲ႔၊ Video ေတြၾကည့္တဲ့အခါမွာေတာ့ refresh rate ကလုံး၀ အေရး မပါပါဘူး။ Video အမ်ားစုက 24FPs နဲ႔သြားတာျဖစ္လို႔ 60Hz monitor တိုင္းေကာင္းေကာင္းႏိုင္ပါတယ္။ ဒါေပမဲ့ Video တိုင္းကေတာ့ 24FPs နဲ႔မဟုတ္ဘူးဆိုတာ သတိျပဳေစလိုပါတယ္။
Refresh Rate ေတြတကယ့္ အေရးပါတဲ့ ေနရာက Game ကစားတဲ့အခါမွာပါ။ ဘာလို႔လည္းဆိုေတာ့ Graphics ကဒ္ေကာင္းေကာင္းေတြက FPSအမ်ားႀကီးထုတ္တတ္ပါတယ္။ အဲ့ဒီေတာ့ 60Hz refresh rate ထက္မ်ားတဲ့ monitor ေတြနဲ႔မွ 100 FPs နဲ႔ အထက္ game ေတြကိုကစားရ တာေကာင္းမွာပါ။ 60Hz refresh rate ပဲရွိတဲ့ mointor မွာ graphic card ေကာင္းလို႔ FPs မ်ားမ်ားလာတဲ့ဂိမ္း (ဥပမာ - 60Fps အထက္) ေတြကို display ျပရင္ screen ေပၚမွာ ျပတဲ့ပုံက အပိုင္းပိုင္းျပတ္ေနတာေတြရွိမွာပါ။
အဲ့ဒါကို "screen tearing” လို႔လူသိမ်ားပါတယ္။
ေနာက္ဆုံး အေနနဲ႔ monitor ၀ယ္တဲ့အခါမွာ ဘယ္ေလာက္ refresh rate ကို၀ယ္ရမလဲဆိုတာက ကိုယ္ဘာအတြက္ ဒီ monitor ကိုအသုံးျပဳမွာလည္းဆိုတာအေပၚမူတည္ပါတယ္။ သာမန္ သုံးပဲဆိုရင္ေတာ့ 60Hz ကသင့္ေတာ္ပါတယ္။ Refresh rate ကိုထည့္စဥ္းစားဖို႔ လိုတဲ့သူေတြကေတာ့ တကယ့္ serious ျဖစ္တဲ့ gamer ေတြပဲမ်ားပါတယ္။ သာမန္အသုံးျပဳသူေတြ၊ ဂိမ္းကိုရံဖန္ရံခါသာကစားသူေတြအတြက္ကေတာ့ အဲ့ဒီေလာက္ 60Hz ထက္ပိုမလို႔ေလာက္ဘူးလို႔ ယူဆလို႔ရပါတယ္။ ဖတ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။ စားလုံးေပါင္းမွားတာေတြ၊ typo ေတြပါသြားရင္ သည္းခံေပးပါ။

Credit - zer0eXploit

1 comment:

မင်္ဂလာပါ..