menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer သုံးတဲ့အခါ မျက်လုံးမထိခိုက်အောင်

ကွန်ပျူတာကြောင့် အမြင် အာရုံ မထိခိုက်ရ လေအောင်
**********
 အရင်တုန်း ကတော့ ကွန်ပျူတာဖြင့် အလုပ် လုပ်ရတဲ့ စာစီစာရိုက်၊ Graphic Designer ၊Programmer စသည်တို့သာ တစ်နေကုန် ကွန်ပျူတာ ကြည့်လေ့ ရှိပါတယ်။ ယနေ့ အိုင်တီခေတ်မှာတော့ ကွန်ပျူတာဟာ လုပ်ငန်းဆောင်

တာများကို လွယ်ကူ မြန်ဆန်စွာ ပြီးမြောက်စေတာမို့ လုပ်ငန်းခွင်တိုင်း မှာလိုလို အသုံးပြုလာကြပါတယ်။
ဝန်ထမ်း ကိုယ်စီ ကွန်ပျူတာ တစ်လုံးစီဖြင့် ဖြစ်လာပြီး အလုပ်ရှိလည်း လုပ်၊ အလုပ်မရှိလည်း အင်တာနက်မှာ ဟို
ကြည့်ဒီကြည့်နဲ့ တစ်နေ့တာလုံး ကွန်ပျူတာကို ကြည့်ရှုတဲ့ အဖြစ်ကို ရောက်နေကြပါတယ်။ ငယ်ရွယ်စဉ်အခါတုန်း
ကတော့ ဘယ်လောက်ပဲ မျက်စိကို အာရုံစိုက်ပြီး ကြည့်ခိုင်းပါစေ ခံစားရတဲ့ ဝေဒနာတွေ ဟာ မသိ မသာ ပေမယ့်
အသက်ကြီးလာတာနဲ့ အမျှ ကွန်ပျူတာကို ကြည့်လေလေ၊ မျက်စိညောင်း၊ မျက်မှန် ပါဝါတွေကတက်၊ ဇက်ကြော
တက်ခြင်း၊ ညောင်းညာ ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရ ပါတော့တယ်။ အိုင်တီခေတ်မှာ ကွန်ပျူတာနဲ့ မကင်းနိုင်တဲ့
လူသားတွေအဖို့ ကွန်ပျူတာကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို သိထားရပါမယ်။ ဒါ့အပြင် အမြင်အာ
ရုံမထိခိုက်အောင် ဘယ်လိုကြိုတင် ကာကွယ်သင့်သလဲဆိုတာကိုသိရှိထားပြီး ပြုလုပ်ကြည့်ဖို့ အောက်ပါအချက်
များကို ဖော်ပြလိုက် ရပါတယ်။
တစ်နေကုန် ကွန်ပျူတာကို စူးစိုက်ကြည့် နေရတာဟာ သင့်ရဲ့မျက်လုံးတွေ အတွက် ဆိုးဝါးလှပါတယ်။ ဘေးပတ်
ဝန်းကျင်က အလင်းရောင်နဲ့ အဲဒီ အရောင် တောက်တောက် ကွန်ပျူတာ မျက်နှာ ပြင်ဟာ မျက်စိကို ညောင်းညာ
စေပြီး ကျိန်းစပ် စေပါတယ်။
၂၀-၂၀-၂၀ စည်းမျဉ်းကိုလိုက်နာပြီး ခဏခဏ မျက်တောင် ခတ်ပေးခြင်းက သင်အရင်ဆုံး ပြုလုပ်ရမယ့်အရာဖြစ်
ပါတယ်။ ၂၀-၂၀-၂၀ စည်းမျဉ်းဆိုတာကတော့ ကွန်ပျူတာကို မိနစ် ၂၀ ကြာကြည့်ပြီးတိုင်း သင့်ရဲ့၂၀ ပေ အကွာ
အဝေးက နေရာ တစ်နေရာကို စက္ကန့် ၂၀ ကြာ ကြည့်ပေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်နီတာနဲ့ ကွန်ပျူတာ Set
ting ကို အပြောင်းအလဲ အချို့ပြုလုပ်ပေးနိုင်တယ်။
ကွန်ပျူတာ မော်နီတာ အနေ အထား
ကွန်ပျူတာရဲ့မျက်နှာပြင်ဟာသင်နဲ့ လက်မ ၂၀-၃၀ အကွာမှာ ရှိသင့်တယ်။
သင့်မျက်စိဟာ မော်နီတာရဲ့ အပေါ်ဆုံးနေရာနဲ့ တစ်တန်းတည်း ဖြစ်နေရမယ်။
မော်နီတာရဲ့ အမြင့်ကို ညှိလို့ မရဘူး။ မြှင့်လို့ မရရင် အဖုံးမာတဲ့ စာအုပ်ကို
အောက်မှာ ခံပြီးမြှင့်လို့ ရပါတယ်။ ဒါမှမဟုတ် ထိုင်ခုံကို နှိမ့် သို့မဟုတ် မြှင့်နိုင်တယ်။ အဓိက အချက်ကတော့ ကွန်ပျူတာကို သင်က ငုံ့ကြည့်တဲ့ အနေ အထား ဖြစ်ရမယ်။
မော့ကြည့်တဲ့ အနေ အထား မဖြစ်ရ ပါဘူး။ မျက်နှာပြင်ရဲ့
အလယ်စင်တာဟာ သင့်ရဲ့မျက်လုံးတစ်တန်းတည်းနေရာအောက် ၁၀ ဒီဂရီ သို့မဟုတ်
၂၀ ဒီဂရီအနေအထားမှာရှိနေရမယ်။
စာလုံး အရွယ် အစားနဲ့ အရောင်
ကွန်ပျူတာမျက်နှာပြင်ေ ပါ်က စာလုံးတွေဟာသင်ပုံမှန်ကြည့်လို့မြင်နိုင်တဲ့
အသေးဆုံးစာလုံး အရွယ်အစားထက် ၃ဆကြီးတဲ့ အနေအထားမှာရှိရမယ်။
ကွန်ပျူတာနဲ့ လက်မ ၂၀၊ ၃၀ အကွာကနေ ကြည့်ဖို့ထပ်ပြီး အကြံပြုပါရစေ။
အရောင်တွေ ပေါင်းစပ်မှုနဲ့ ပတ်သက်လာရင် သင့် မျက်လုံးဟာ အဖြူရောင် နောက်ခံမှာ
အမည်းရောင် စာလုံးတွေကိုကြည့်ရတာ ပိုနှစ်သက်တယ် အလင်းထဲက
အမှောင် သဘော ပေါင်းစပ်တဲ့ အရောင်ဖြစ်တယ် ဒါကြောင့် နောက်ခံ အရောင်
တောက်တောက်မှာ စာသား အရောင် ခပ်မှိန်မှိန်ကို ဖတ်ရှုခြင်းကို ရှောင်ရှားပါ။
အရောင်တောက်ပမှု
မော်နီတာရဲ့ အလင်း ရောင်ဟာ သင့်ရဲ့ လုပ်ငန်းခွင်မှာ ရှိတဲ့ အလင်းရောင်နဲ့ လိုက်ဖက်ဖို့ လိုပါတယ်။ ကွန်ပျူတာ ရဲ့
အဖြူရောင်နောက်ခံဟာ အခန်းအတွက် အလင်းရောင်ရရှိရာ အရင်းအမြစ်တစ်ခုဖြစ်နေခဲ့ရင် မော်နီတာရဲ့အလင်း
ဟာ သိပ်တောက်ပ နေပါတယ်။ အကယ်လို့ မော်နီတာဟာ ခပ်မွဲမွဲ မီးခိုးရောင် ဖြစ်နေရင် အလင်း သိပ်မှိန်ကောင်း
မှိန်နေပါလိမ့်မယ်၊ အလင်းရောင် ထိန်ထိန် ညီးနေတဲ့ ရုံးခန်းမှာအလုပ်လုပ်ရင် မော်နီတာကို တောက်ပမှု လျော့ကျ
တဲ့ Glare Reduction Filter ကိုအသုံးပြုပါ။
အရောင် အပူချိန်
မော်နီတာရဲ့ အရောင် အပူချိန်ကို အကောင်းဆုံး အနေထားမှာ ထားဖို့ အလွယ်ကူဆုံး
နည်းလမ်းကတော့ F.lux ဆိုတဲ့App ကို အသုံးပြုခြင်းပါပဲ။
နေဝင်ချိန်၊ နေထွက်ချိန်ပေါ် မူတည်ပြီး သင့်ရဲ့ သဘာ၀ အလင်းရောင်နဲ့ အလိုက်ဖက်ဆုံး
ဖြစ်မယ့် မော်နီတာရဲ့ အရောင်ကို ချိန်ညှိပေးတဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုး App တွေ အသုံးပြုပြီး မော်နီတာ အရောင်ကို ပတ်ဝန်းကျင်နဲ့အလိုက်ဖက်ဆုံး
အနေအထားမှာ ထားခြင်း အားဖြင့် တစ်နေကုန် ကွန်ပျူတာ ကြည့်နေရ သူအဖို့
မျက်စိထိခိုက်ခြင်းမှ သက်သာပါလိမ့်မယ်။
Crd - ဆိုင်မွန်စာကြည့်ဆိုဒ်

No comments:

Post a Comment

မင်္ဂလာပါ..