menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဒူရင်းသီး နှင့် ကျန်းမာရေး


ဒူးရင်းသီးကို စားပေးခြင်းဖြင့် ကိုလက်စထရော ကျစေပြီး အာဟာရပြည့်လွယ်တာကြောင့် အဆီချလိုသူတွေ စားသင့်တဲ့ အသီးပါ။
မကောင်းတဲ့ အဆီတွေ မပါဝင်တာကြောင့် စိတ်ချစွာ စားလို့ရပါတယ်။ antioxidants ပါဝင်မှု မြင့်မားတာကြောင့် ဆဲလ်တွေ ပျက်စီးစေခြင်းကနေ ကာကွယ်ပေးပါတယ်။

ဒါကြောင့် နုပျိုလိုသူများ စားဖို့ အကောင်းဆုံးပါ။ ပိုဆက်ဆီယမ်၊ ဆိုဒီယမ်နဲ့ ဗီ တာမင် စီ၊ ဘီ၊ အီးတို့ ပါဝင်ပြီး အရိုးကျန်းမာရေးကို ပံ့ပိုးပေးပါတယ်။
အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် ဝမ်းပျော့စေပြီး အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့ ဗီတာမင် ဓာတ်ပေါင်းစုတွေကြောင့် ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။
အိမ်ထောင်ရေး သုခ ကောင်းမွန်စေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ မဂ္ဂနီးစ်ဓာတ် ပါဝင်တာကြောင့် သွေးထဲက သကြားဓာတ် ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။
သံဓာတ်ပါဝင်မှုမှာလည်း ငှက်ပျောသီးထက် များပြီး မီးဖွားပြီးစ မိခင်တွေ ဒူးရင်းသီး စားလို့ ရပါတယ်။
amino -acid တစ်မျိုးဖြစ်တဲ့ tryptophan တို့ကြောင့် စိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနှုန်း လျော့ချစေပြီး အိပ်မပျော်ခြင်းကို တားဆီးပေးပါတယ်။ မလိုအပ်တဲ့ free radicals တွေကို တိုက်ထုတ်ပေးပြီး ထိခိုက်ဒဏ်ရာတွေကို ကျက်လွယ်စေတာကြောင့် အရေပြား ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။
‪#‎ကောင်းကျိုးတွေရှိသလိုမကောင်းကျိုးတွေလည်းရှိနေပါသေးတယ်‬။
အပူစာလို့ ခေါ်တဲ့ ဒူးရင်းသီးကို များများစားရင် အပူကန်ခြင်း၊ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ လေထိုးလေအောင့်ခြင်း
တို့ ဖြစ်ပွားစေနိုင်ပါတယ်။
ဒါ့အပြင် ****အရက်နဲ့ လုံး၀ တွဲမသောက်သင့်တဲ့**** အသီးတစ်မျိုးပါ။ သေဆုံးစေတဲ့ အဆင့်ထိတောင် ရောက်နိုင်ပါတယ်။
တချို့တွေက ကော်ဖီနဲ့ တွဲစားကြပါတယ်။ အန္တရာယ်များတဲ့ စားသောက်မှုပါ။
အပူစာနဲ့ အပူနဲ့ကို တွဲစားသလိုြ ဖစ်တာကြောင့် အူအတွက် ဒုက္ခရောက်သွားစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် မိခင်လောင်းများနဲ့ ဆီးချိုသမားတွေတော့ မစားသင့်ပါဘူး။ သွေးတိုးရောဂါ ရှိသူ၊ နှလုံးရောဂါရှိသူတွေ သတိထားစားသင့်ပါတယ်။
တည့်လို့ စားမယ်ဆိုတဲ့ သူတွေလည်း ဘယ်အရာမဆို မျှတစွာ စားသုံးပြီး ကျန်းမာရေး အကျိုးတွေကို ဉာဏ်ရှိသလို ယူသင့်ပါတယ်။ မိုးလေးနည်းနည်း ကျလာရင်တော့ ဒူးရင်းသီးတွေ ပိုစားကောင်းပြီပေါ့။

No comments:

Post a Comment

မင်္ဂလာပါ..