menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဒီမိုကရေစီ၏ ပြယုဂ်တစ်ခု


ဒီပုံဟာ ကမ္ဘာကျော်တဲ့ ပုံတစ်ပုံ ဖြစ်ပါတယ်။ အမေရိကမှာပါ။
အချို့အွန်လိုင်းပေါ်မှာ သစ်ပင်ကို တန်ဖိုးထားလို့ မခုတ်ပဲ ကွေ့ရှောင်ပြီးဖောက်တယ်ဆိုပြီး ဖွကြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင် လှုံ့ ဆော်ကြတာပါ။ တကယ်တော့ သစ်ပင်ကိုရှောင်တာ မဟုတ်ပါဘူး..



ဒီနေရာမှာ ဟိုးအရင်တုန်းက Red Indian မျိုးနွယ်စုတွေ နေထိုင်ခဲ့ပြီး သူတို့ကိုးကွယ်တဲ့ ဘာသာရေးအဆောက်အဦးတစ်ခု ရှိခဲ့ပါတယ်။

အမြန်လမ်းမကြီးဖောက်တဲ့အခါ အိမ်ခြေ ၆၀ ရှိတဲ့ရွာက ပြည်ထောင်စုအစိုးရနဲ့ အမှုဆိုင်ရပါတယ်။ ပြည်ထောင်စုတရားရုံးချုပ် မျှမက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးထိ ရောက်ကြပါတယ်။ အစိုးရ ရှုံးသွားပါတယ်။

လူတစ်ဦး၊ လူတန်းစားတစ်ခု၊ လူမျိုးတစ်မျိုး၊ လူအများ ကိုးကွယ် ယုံကြည်ရာ တစ်ခုခုကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေရ ဆိုတဲ့ တိကျခိုင်မာစွာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီ တောင်ကုန်းလေးကို ပြည်ထောင်စု အစိုးရက ကွင်းရှောင်ဖောက်ခဲ့ရပါတယ်။

ပြည်ထောင်စု အစိုးရအနေနဲ့ ခုလိုအမြန်လမ်းမကြီးကို ကွင်းခဲ့ရတဲ့အတွက် အတော့်ကို အခက်မခဲကြုံခဲ့ရပါတယ်။ အခုတော့ အဲဒီအကွေ့လေးက အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဘယ်သူမှ ထိလို့မရဘူးဆိုတဲ့ ပြယုဂ်ဖြစ်နေပါပြီ။
အမေရိကန်နိုင်ငံသား တွေက ဒီနေရာလေးမှာ ဒီလိုကွေ့သွားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရမယ့်အစား ဂုဏ်ယူနေကြတာပါ။ ဒီမိုကရေဆိုတာ ကိုယ်လွတ်လပ်စွာ ယုံကြည်ကိုးကွယ်လို့ရသလို သူတစ်ပါးကို မထိခိုက်စေရပါဘူးဆိုတာကို ဒီအကွေ့ရောက်တိုင်း အလိုလို ခံစားမိနေကြပါပြီ။

နှစ်ပေါင်းများစွာ ကြာသွားတဲ့အခါ အဲ့ဒီရွာလည်း မရှိတော့ပါဘူး။ ဒါပေမယ့် ဒီအကွေ့လေးက စကားတွေအများကြီးပြောနေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီကို လိုလားကြတဲ့ ယနေ့ခေတ်လူသားများအတွက်ပါ။

Nyo Lwin Oo
 

No comments:

Post a Comment

မင်္ဂလာပါ..