menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

icloud ကျော်ပြီး internet သုံးနည်း



iCloud ကျနေတဲ့ အလုံးများ လုပ်လို့ရ ပါသည်။ ပထမ ဦးဆုံး မိမိရဲ့ iDevice ကို ပါဝါဖွင့် လိုက်ပါ။ ပါဝါတက် လာရင် English ကိုရွေး။ ပြီးရင် Select Your County or Region နေရာမှာ Myanmar ကိုရွေးပါ။ Choose a Wi-Fi Network နေရာမှာ မိမိရဲ့ Wifi ချိတ်ပါ။ မချိတ်ခင်မှာ မိမိရဲ့ Wifi ဘေးနားမှာ သော့ ပုံစံလေးရယ် Wifi ပုံစံလေးရယ်ဘဲ ၂ခုဘဲ ရှိနေ ပါလိမ့်မည်။ Home key ကိုနှိပ်လိုက်ပါ။
ပေါ်လာတဲ့ အထဲ ကမှ More Wifi Settings ကိုနှိပ်လိုက်ပါ။ သော့ ပုံစံလေးဘေးနာမှာ Wifi ဘေးနားမှာ အဝိုင်းလေးနဲ့ အဲဒီ အဝိုင်းလေးထဲမှာ i ပုံစံ သင်္ကေတလေး ရှိနေ ပါလိမ့်မည်။ နည်းလမ်းလေးကို အောက်မှာ လေ့လာပါ..
    Wifi ကိုအရင် ချိတ်လိုက်ပါ။ ပြီးရင် အဝိုင်းလေးကို နှိပ်လိုက်ပါ။
    ပြီးရင် DNS နေရမှာ 78.109.17.60 (or) 78.109.17.61ထည့် ပေးပါ။
    ပြီးရင် Back key နဲ့ ပြန်ထွက် လိုက်ပါ။
    ပြီးရင် wifi ချိတ်သွားပြီ ဆိုရင် Next ကိုနှိပ် လိုက်ပါ။
    Activate iPad လို့ပေါ်လာရင် Activation Help ကိုနှိပ်လိုက်ပါ။
    ပြီးရင် Hello ပေါ်လာ ပါလိမ့်မည်။ အဲဒီထဲကmenu ကိုနှိပ်လိုက်ပါ။

ကဲ အဲဒီထဲ ကနေ လုပ်ချင်တာ လုပ်လို့ ရပါပြီ Facebook, Twitter, Google, Yahoo, Gmail တွေသုံးလို့ ရပါမယ်။ ပြီးတော့ Youtube,Music တွေလည်း ကြည့်လို့ ရပါမယ်။ ပြီးတော့ GPS လည်း ကြည့်လို့ ရပါမယ်။ ပြီးတော့ သူ့ထဲမှာ ပါတဲ့ ဂိမ်းတွေလည်း ဆော့လို့ ရပါမယ်။

ကဲ....အဲလောက် ဆိုရင်လည်း မဆိုးဘူးပေါ့ ... :)

No comments:

Post a Comment

မင်္ဂလာပါ..