menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ခေါင်းကိုက်လျှင် ချင်းကပ်ပါ


ခေါင်းကိုက်၊ နားထင်ကိုက် ၊ဇက်ကြောတက်၊ မျက်ရိုးကိုက်၊
အလုပ်တစ်ဖက်နှင့် ဆေးခန်းသွားဖို့ အချိန်မပေးနိုင်လျှင်
ချင်းတက်ကို ပါးပါးလှီးပြီး နားထင်နှစ်ဘက်တွင် ကပ်ပေးပါ။

ဇက်၊ ဂုတ်၊ ကျီးပေါင်းရှိသူများ၊ ကျီးပေါင်းရင့်၍မူးသူ၊ ဇက်ကို ခဲဆွဲကုသနေရသူများသည် ဇက်ရင်းကျီးပေါင်းဖုပေါ်တွင်
ချင်းကို ပါးပါးလှီးပြီး ၄-၅ နေရာ ကပ်နိုင်ပါသည်။
ချင်းတွင် အပူဓာတ်ရှိသည်။ အရောင်ကျစေသောသတ္တိလည်း
ရှိသည်။ ပိုးကိုသေစေနိုင်သောသတ္တိလည်း ထိုက်သင့်သလောက်
ရှိပါသည်။
ချင်းသည် အပူဖြစ်သဖြင့် ကပ်ပြီး မိနစ်အနည်းငယ်အတွင်း
အာနိသင်ပြပါသည်။ တစ်နာရီခန့် ကပ်ထားပါ။ အများဆုံး
အလွန်ဆုံး ၂နာရီထက်ပို၍ မကပ်သင့်ပါ။ တန်ဆေးလွန်
ဘေးဖြစ်ပါသည်။ နေ့စဉ် ၁နာရီခန့်ကပ်ပေးနိုင်ပါသည်။
ခေါင်းကိုက်အလျှင်အမြန်ပျောက်စေမည်။ ငွေကုန်ကြေးကျ
နည်း၍ လက်တွေ့ပျောက်ကင်းသည့်နည်း ဖြစ်သည်။
သင့်မိတ်ေ်ဆွများအတွက်လည်း Share ပေးနိုင်ကြပါသည်။
Credit to ကြည်လွင်မြင့်(မုဒြာ)

No comments:

Post a Comment

မင်္ဂလာပါ..