menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iphone စစ် မစစ်


*****iPhone good second ဝယ်မည့်သူများမိမိဝယ်မည့် iPhone စစ်မစစ် iTunes မလိုပဲ အကြမ်းဖျင်းအားဖြင့်စစ်ဆေးနည်း*****

iPhone Second များ Battery လဲထားမထား စစ်နည်း
https://www.youtube.com/watch?v=yfoKokQiwuQ&t=32s

1 - iPh တွင် original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)။ပုံ(၁) မှာကြည့်ပါ


2 - မိမိဝယ်ယူမည့် iPh ထဲသို့ SIM card ထည့်ပြီး
" *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ) / ပုံ(၂)က-ခ မှာကြည့်ပါ


3 - *** iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ *** iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ် imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို ဒီလင့်လေးမှာ ရိုက်ထည့်ပါ > https://www.icloud.com/activationlock/ ပုံ(၃)က-ခ မှာကြည့်ပါ


4 - မိမိဝယ်ယူမယ့် iPh ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်
မိမိဝယ်ယူမယ့် iPh က Sim locked ဟုတ်မဟုတ်" imei နဲ့ " ဒီလင့်လေးကစစ်နိုင်ပါတယ် > http://imeidata.net/iphone/unlock-check
***Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်
***Sim locked ဆိုရင်တော့ အဲ့ဒီ iPh ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်) / ပုံ(၄)က-ခ မှာကြည့်ပါ
အဆင်ပြေကြပါစေ / ကိုစည်သူအောင်

No comments:

Post a Comment

မင်္ဂလာပါ..