menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

"အမျိုးသမီး အမျိုးအစားနှစ်မျိုး"


  • တစ်ချို့အမျိုးသမီးတွေက ရုပ်လှဖို့အတွက် အလှပြင်နေချိန်မှာ တစ်ချို့အမျိုးသမီးတွေက စိတ်လှဖို့အတွက် စာဖတ်နေတယ်…
  • တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေရဲ့အကြည့် ခံပြီး အလှပြနေချိန်မှာ တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ပြနေတယ်…
  • တစ်ချို့အမျိုးသမီးတွေက မဖော်ပြသင့်တဲ့အရာကို မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ တစ်ချို့အမျိုးသမီးတွေက ဖော်ပြသင့်တဲ့ပညာကို သတ္တိရှိစွာ ဖွင့်ဟပြနေတယ်…
  • တစ်ချို့အမျိုးသမီးတွေက မိဘကို မီးလိုအပူပေးပေမယ့် တစ်ချို့အမျိုးသမီးတွေက မိဘကို ထီးလိုအရိပ်မိုးပေးနေတယ်…
  • တစ်ချို့အမျိုးသမီးတွေက လောကီစည်းစိမ် ဥစ္စာတွေသာ စုဆောင်းတတ်ကြပေမယ့် တစ်ချို့အမျိုးသမီးတွေက လောကီ၊ လောကုတ္တရာ နှစ်ဖြာသော စည်းစိမ်ဥစ္စာတို့ကို ပါးနပ်လိမ္မာစွာ စုဆောင်းတတ်ကြတယ်…
  • ဤသို့အားဖြင့်.....
  • တစ်ချို့သောမိန်းမတို့သည် အသက်ကြီးလာသည်နှင့်အမျှ စိတ်ဆင်းရဲမှုသည်လည်း ကြီးမားလာခဲ့ကြပြီး တစ်ချို့သောမိန်းမများကား အသက်ကြီးလာသည်နှင့်အမျှ စိတ်ချမ်းသာမှုသည် ကြီးမားလာခဲ့ကြတော့သည်။

Credit: ဦးတိုးအောင်

No comments:

Post a Comment

မင်္ဂလာပါ..