menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

“ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ “


(1) မေး - ကျွန်တော့် iPhone 5 က Network Searching ပဲပြနေပါတယ်။ လိုင်းလဲမမိပါဘူး။ ဘယ်လိုဖြေရှင်းရမလဲ။

ဖြေ - iPhone 5 တွေ Network မှာ Searching ပဲပေါ်နေတဲ့အခါ မိမိရဲ့ iPhone ကို ကွန်ပျူတာမှာ iTunes နဲ့ချိတ်လိုက်ပါ။ Reboot ကျပြီးပြန် တက်လာရင် လိုင်းပြန်တက်နေတာတွေ့ရပါမယ်။ တကယ်လို့ အ ထက်ကနည်းနဲ့ မရခဲ့ရင် Setting > General > Reset > Reset Network Settings ကိုဝင်ပြီး Reset ချပါ။ အထက်ပါနည်း ၂ နည်းနဲ့အဆင်မပြေ ခဲ့ရင် တတိယနည်းက Firmware အသစ်တစ်ခု Restore လုပ်ပါ။ အပေါ် ကနည်း ၃ ခုလုံးအဆင်မပြေဘူးဆိုရင်တော့ Hardware Error ဖြစ်တဲ့ အတွက် Service ဆိုင်တွေမှာပဲ အပ်လိုက်ပါ။
(2) မေး - iPhone ကို Jailbreak မလုပ်ဘဲ မြန်မာစာရနိုင်မလား။
ဖြေ - ဟုတ်ကဲ့။ ရပါတယ်ခင်ဗျာ။ TT Keyboard နဲ့ TTA Font ဆိုတဲ့ ၂ ခုကို အရင် Down ထားရမှာပါ။ ပထမဆုံး TTA Font ကိုဖွင့်လိုက် ပါ။ ပြီးရင် Zawgyi One ကိုရွေးပြီးနှိပ်လိုက်ပါ။ Install ကိုနှိပ်ပြီး Done ကိုနှိပ် Home Key နဲ့ပြန်ထွက်ပါ။ ပြီးရင် TT Keyboard ကို Install လုပ်ပါ။ နောက်တစ်ခုက Keyboard Add ဖို့ပါ။ Setting > General > Keyboard > Keyboards > Add New Keyboard မှာ ခုနက Install လုပ်ထားတဲ့ TT Keyboard ကို Add ပေးလိုက်ရင် မိမိရဲ့ iPhone မှာ Jailbreak မလိုဘဲ မြန်မာစာရပါပြီခင်ဗျာ။
(3) မေး - ကျွန်တော့် Lenovo A7000-a Firmware Flash လိုက်တာ Image Verification Error ပဲပေါ်နေပါတယ်။ ဘယ်လိုဖြေရှင်းရမလဲ ခင်ဗျာ။
ဖြေ - Lenvo ဖုန်းတွေမှာ Firmware Flashing လုပ်တဲ့အခါ Flash Tool မှာ Complete ဖြစ်ပြီး Image Verification Error တွေတက်တတ်ပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက်ဆိုရင် Flash Tool v 1.5 ကိုဖွင့်ပါ။Flash Tool ရဲ့ Options > Download > DADLA All With Checksum မှာ အမှန်ခြစ်ပေးပါ။ Scatter မှာ Firmware ဖြည့်ပြီး Flash လိုက်ပါ။ Complet ဖြစ်သွားပြီး ပါဝါပြန် ဖွင့်တဲ့အခါ အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ။
(4) မေး - အစ်ကို ကျွန်တော့်ဖုန်းလေး Internal Storage ပြည့်နေလို့ Low On Space ပြနေလို့ အဲ့ဒါ Low On Space ပျောက်အောင် ဘယ် လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Internal Storage ပြည့်နေလို့ Low On Space ပြနေရင် မိမိဖုန်းထဲက Setting ထဲကိုဝင်ပါ။ ပြီးလျှင် Application Manager ထဲက Application တွေကို Move to SD Card ကိုနှိပ်ပြီး SD Card ထဲရွှေ့ပါ။ ပြီး လျှင် File Manager ထဲဝင်ပါ။ Internal ထဲမှာရှိတဲ့ Data များတဲ့ဖိုင်တွေ၊ Folder တွေကို Internal ထဲမှ Cut လုပ်ပြီး External SD Card ထဲကို Paste လုပ်ပါ။ ပြီးလျှင် ဖုန်းကို Restart ချပါ။ အဆင်ပြေပါစေ။
(4) မေး - အရင်တုန်းက ကျွန်တော့်ဖုန်းထဲမှာ G Talk App ရှိပါတယ် ဗျ။ ဒါပေမဲ့ Hangouts ကိုနှစ်သက်လို့ Install လုပ်လိုက်တဲ့အခါ မှာအရင်ရှိပြီးသား G Talk App မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတာ ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့ပါ။ Hangouts ဆိုတာ Chrome, iOS, Android ကနေပြီး Chat လုပ်လို့ရတဲ့ Platform Messaging Service ကိုပြောတာပါ။ Hangouts ကို Install လုပ်လိုက်လို့ G Talk ပျောက်သွားတယ်ဆိုတာ Android ဖုန်း တွေမှာပဲဖြစ်တတ်ပါတယ်။ G Talk နေရာမှာ Hangouts ကိုအစားထိုး လိုက်တာပါ။ GTalk ပြန်လိုချင်ရင်တော့ Hangouts ကိုပြန်ပြီး Uninstall လုပ်ပေးဖို့လိုအပ်ပါတယ်။
(5) မေး - Adroid ဖုန်းတွေမှာ Root လုပ်ပြီး Myanmar Font ထည့် တာနဲ့ Root မလုပ်ဘဲ Myanmar Font ထည့်တာ ဘာကွာခြားချက် ရှိလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Android ဖုန်းတွေမှာ Root မလုပ်ဘဲ Myanmar Font ထည့်တဲ့အခါ Message နဲ့ Contacts လောက်ပဲအဆင်ပြေပါတယ်။ Facebook တို့၊ Browser တို့မှာတော့ Myanmar Font အဆင်ပြေပြေ ဖတ် လို့ရမှာ မဟုတ်ပါဘူး။ Root လုပ်ပြီး Myanmar Font ထည့်ရင်တော့ နေရာတိုင်းမှာ အဆင်ပြေပြေ ဖတ်နိုင် / အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
(6) မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y - 511 Huawei အမျိုးအစား ပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လို လုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condencer, Diode တို့က Backlight ပိုင်း မှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse ၃ လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကိုသေချာလဲလှယ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။
Today Mobile
ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)

No comments:

Post a Comment

မင်္ဂလာပါ..