menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဘဝမှာ ပြုမူနေထိုင်ရန် နည်းလမ်းများ..

- ငါဟာ ငါ့ရဲ့အရှိအမှန်အတိုင်း နေထိုင်ဖို့ သတ္တိရှိခဲ့ရင် ကောင်းမှာပဲ။

- ငါဟာ အလုပ်တွေချည်းပဲ အများကြီး မလုပ်ခဲ့မိရင် ကောင်းမှာပဲ။


- ငါ့မှာ ငါ့ရဲ့ ခံစားမှုတွေကို ဖော်ပြရဲတဲ့ သတ္တိရှိခဲ့ရင် ကောင်းမှာပဲ။

- ငါဟာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့မိရင် ကောင်းမှာပဲ။

- ငါဟာ ငါ့ကိုယ်ငါ ပိုပြီး ပျော်ပျော်နေဖို့ ခွင့်ပြုခဲ့မိရင် ကောင်းမှာပဲ။

သင်ရော အဲဒီအချက်တွေထဲက တစ်ခုခုကို လုပ်ခဲ့မိသလား။ သင် တိုးတက်ချင်တဲ့ အစိတ်အပိုင်းက ဘယ်နေရာလဲ။ရှိလာနိုင်တဲ့
နောင်တတွေကို နည်းနိုင်သမျှနည်းအောင်လုပ်ဖို့၊ ကျနော်တို့တွေ လုပ်သင့်တဲ့ အချက်တစ်ချို့ ရှိပါတယ်။

၁။ သင့်မှာ ရှိတာနဲ့ ကျေနပ်ပါ 
သင်ဟာ သင့်မှာရှိတဲ့အရာနဲ့ ကျေနပ်နိုင်
မယ်ဆိုရင် နောက်ထပ် နောက်ထပ် လိုချင်နေတဲ့ ဖိစီးမှုတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ သင့်ကို ပျော်ရွှင်မှု ပေးနိုင်တယ်လို့
သင် ထင်ချင်ထင်လိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်တော့ အဲဒီ ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို လိုက်ခြင်းဟာ သင့်ဆီက ပျော်ရွှင်မှုတွေကို ဆွဲထုတ်သွားတာပါပဲ။

တကယ်တော့ ရှိတာနဲ့ကျေနပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ 
ကျနော်တို့ရဲ့ ပတ်ဝန်းကျင်က ကျနော်တို့ကို ပိုပြီးပျော်ရွှင်ဖို့၊ 
ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံရဖို့ ရုပ်ဝတ္ထု ပစ္စည်းတွေ ပိုပြီး လိုအပ်
တယ်လို့ အဆက်မပြတ် လှုံ့ဆော်နေတယ်။ ဒီတော့ သင်ဟာ 
သင့်မှာရှိတာနဲ့ ကျေနပ်ဖို့အတွက် သတိရှိရှိ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။

၂။ သင့်အတွက် အရေးကြီးတဲ့အရာကိုသာ လုပ်ပါ။

သင်ဟာ သင့်ရဲ့ဘဝကို နေထိုင်နေတာဖြစ်ပါတယ်။ တခြားသူတွေရဲ့ဘဝ
ကို နေထိုင်နေတာ မဟုတ်ပါဘူး။ တခြားသူတွေ အရေးကြီးတယ် လို့ထင်နေကြတဲ့ အလုပ်တွေထက် သင့်အတွက် အမှန်တကယ် အရေးကြီးတာတွေကိုသာ လုပ်ပါ။ 

သင့်ရဲ့ စိတ်နှလုံးက ဘယ်အရာကို စွဲလမ်းသလဲ?

သင့်ရဲ့ ဝါသနာက ဘာလဲ? 

သင် ဘယ်အရာကို အလေးထားဆုံးလဲ? အဲဒါတွေကို သိအောင်ရှာဖွေပါ။ အဲဒီအရာတွေနဲ့ နေထိုင်ပါ။ ချမ်းသာမှု ဒါမှမဟုတ် ကျော်ကြားမှုကို ရဖို့
ထက် သင့်ရဲ့ရည်မှန်းချက်ဟာ အဓိပ္ပါယ်ရှိတဲ့၊ ပြည့်ဝတဲ့ ဘဝတစ်ခုကို နေထိုင်ဖို့ ဖြစ်သင့်ပါတယ်။ ဒါက သင့်ကို အမှန်တကယ် ပျော်ရွှင်မှုကို ပေးပါလိမ့်မယ်။

၃။ သင့်ရဲ့ လူမှုဆက်ဆံရေးကို တိုးမြှင့်ပါ

ဘဝရဲ့ နောက်ဆုံးရက်သတ္တပတ်တွေမှာ ကျန်ရစ်နေမယ့်အရာတွေ
ကတော့ ချစ်ခြင်းမေတ္တာ၊ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေပါပဲ။
ဒါကြောင့် သင်ဟာ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးအတွက် အချိန်နဲ့ ခွန်အားတွေကို ပိုပြီး ပေးသင့်ပါတယ်။

သင်ဟာ သင့်မှာရှိတာနဲ့ ကျေနပ်တတ်လာမယ်၊ ပြီးတော့ သင့်ရဲ့ အချိန်အားလုံးကိုလည်း အလုပ်တွေက နေရာယူမထားတော့ဘူးဆိုရင် သင်ဟာ ဆက်ဆံရေးတွေအတွက် အချိန်တွေ ပိုရလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒါရဲ့ ဆုလာဒ်က ချက်ချင်းကြီးတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အမှန်တကယ် ထိုက်တန်လာပါလိမ့်မယ်။

၄။ ပျော်ရွှင်မှုကို ရွေးလိုက်ပါ

လူအများစုက ပျော်ရွှင်မှုဆိုတာ သူတို့ကိုယ်တိုင် ရွေးချယ်လို့ရတဲ့အရာ တစ်ခုဆိုတာကို ဘဝနောက်ဆုံးအချိန်အထိ မသိလိုက်ကြပါဘူး။ 
သင် ဒါကို သိတဲ့အချိန်အထိ စောင့်နေဖို့ မလိုပါဘူး။ သင့်ရဲ့ ပျော်ရွှင်မှုကို သင်ကိုယ်တိုင် ရွေးချယ်ရမှာပါ။ 

သင့်ပျော်ရွှင်မှုကို အဆုံးအဖြတ်ပေးမယ့်
သူက သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ တခြားလူတွေ မဟုတ်ပါဘူး၊ သင့်ရဲ့ အခြေအနေတွေလည်း မဟုတ်ပါဘူး။ ဒီတော့ အဲဒီတာဝန်ကိုယူပြီး မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်လိုက်ပါ။

Credit to Your Life Success
K.K(ကနောင်)

No comments:

Post a Comment

မင်္ဂလာပါ..