ခု တခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
အရင်ဦးဆုံး https://www.paypal.com/ ထဲ ဝင်ပြီးတော့ Sign Up ကလစ်လိုက်ပါ။
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။ တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။
iဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။
ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ဝင်မရပါဘူး။
PayPal အကောက် Verify လုပ်နည်း
PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို VisaCard တို့ Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး .. အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping ပြန်လုပ်ရပါတယ် ..။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။
ATM Card ကို Internet shopping လုပ်နည်း
VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။
လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။
ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။
internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။
ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ
ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။
PayPal အကောင့် Verify လုပ်နည်း
ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။
ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။
အောက်ကပုံအတိုင်းပေါ်လာပါမယ်..။
Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။
အရင်ဦးဆုံး Card Number နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။
Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့
အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.
အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ် ..။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ ..။ Confirm My Card ကို နှိပ်လိုက်ပါ..။
Continue ကို ဆက်နှိပ်လိုက်ပါ..။
အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ..
အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ
Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။
ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။
Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။
စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။
ပြီးရင် Confirn Card ဆက်နှိပ်ပါ..။
Close ကို နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ဤpost ကို http://www.pyaephyo.info မှကူးယူဖော်ပြသည်။
No comments:
Post a Comment
မင်္ဂလာပါ..