menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

မြိတ်မြို့


မြိတ်မြို့ဟာ မြန်မာနိုင်ငံရဲ့မြို့ အဝင် အလှပဆုံးမြို့ တွေထဲမှာ ပါဝင်တဲ့ မြို့တစ်မြို့ ဖြစ်တယ်လို့ ဆို စမှတ်ပြု ရလောက်အောင် သဘာဝရှုခင်း အလှ တွေ ဝန်းရံနေတဲ့ မြို့တစ်မြို့ ဖြစ်ပါ တယ်။

မြန်မာ ဘာသာစကားမှာ အမြိတ် ဆိုတာ အဓိပ္ပာယ် အရ အစွန် အဖျားလို့ ပြပါတယ် ဟိုတုန်းက ကော့သောင်း ဆိုတာ မြန်မာပိုင်ထဲ မဝင်တာက များ ပါတယ် မြိတ်အထိကိုပဲ သတ်မှတ်ယူပါတယ်
အမြိတ်မှာ ရှေ့က "အ" ဗျည်းကို မြုပ်ပြီး မြိတ်လို့ ရေးသားတာလို့ မြန်မာနိုင်ငံသား တစ်ဦး အနေနဲ့ မြန်မာပီပီပဲ ဖော်ထုတ်ပြသလိုတဲ့ ဆန္ဒရှိပါတယ် သဘောထား ကွဲချင်တယ် ဆိုရင် ကွဲနိုင်ပါတယ်
ဒီဟာက အကုသိုလ် သဘောထား ကောက်ချက်
သက်သက်ပါပဲ
သာဓက အားဖြင့် ပြရင်
အစား= စား
အသွားအလာ= သွားလာ
စသဖြင့် အ မြှုပ်ထားတဲ့ ဝေါဟာရက တွေ မြန်မာ
စာ စကားတွေထဲ အများဆုံးပါပဲ ဒါကြောင့်မို့လည်း
အဆို အယူအဆ အမျိးမျိုးကို သိသော်ငြားလည်း
ရိုးရိုးရှင်းရှင်းသာ အမြိတ်= မြိတ် ဆိုတဲ့ ရေးသားပုံ
စနစ် ဘာသာဗေဒနည်း အတိုင်း ကောက်ချက် ပေး
လိုက်ပါတယ်
ဒီလိုကောက်ချက်ချပေးတော့ အနက်ထင်ရှားပြပေး ဖို့ လိုလာတယ် ဘယ်လိုပြမလဲ ဆိုရင်
ရှေးအခါက မြိတ်မြို့ဟာ မြန်မာနိုင်ငံပိုင်နက် အစွန် အဖျားဆုံးသော မြို့ ဖြစ်ပါတယ် ကော့သောင်း မြို့ဝန် လို့ သမိုင်းမှာ လာသည် မရှိပါ မြိတ်မြို့ဝန် ကိုသာ အတိအလင်း ပြပါသည် သမိုင်းဖြစ်စဉ် တလျောက် ပြန်စစ်ဆေး ကြည့်လျှင်လည်း ပထဝီ အနေအထား နိုင်ငံရေး စသဖြင့် ကြည့်လျှုင်လည်း မြန်မာ့ဧရိယာ အတွင်း ကော့သောင်းက ပါလာ လိုက် ပျောက်လိုက်နဲ့ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်
မြိတ်မြို့သာ အစွန်ဆုံး နယ်နိမိတ် အတည်တကျ ဖြစ်ပါတယ်
မြန်မာပြည် တောင်ဘက်ပိုင်း အစွန်အဖျားက မြို့ လို့ အဓိပ္ပာယ် ယူရင်လည်း ရပါတယ်
မြိတ်မြို့ = နိုင်ငံ၏ တောင်ဘက်အစွန်းက မြို့
အဆင်ပြေသလို ယူလို့ရပါတယ် ဒီတောင်ဘက်စွန်း ကနေ မြိတ်က ထွက်မပြေးသလိုပဲ မြန်မာမြေပုံထဲ မှာလည်း ခန့်ထည်စွာ ပါနေဦးမှာပါ
အခြား ဇာစ်မြစ်တွေကိုလည်း လေ့လာကြည့်သင့် သိသင့် တာပေါ့ ဖော်ပြပေးပါမယ်
မြိတ် ဆိုတဲ့ နာမည်ရဲ့ ရာဇဝင် သမိုင်းကို လေ့လာ ကြည့်တော့ မြို့နာမည် ပြောင်းလဲခေါ်ဆိုပုံတွေနဲ့ အနက်အဓိပ္ပာယ် ယူဆချက် အမျိုးမျိုးကို စိတ်ဝင် စားစရာ တွေ့ရပါလိမ့်မယ်။ တစ်ခုစီ အကျဉ်းချုပ် ပြပေးပါမယ်
မာရိတ်
ယိုးဒယားတို့ရဲ့ မာရိလ်
ပုဂံခေတ်ဦးပိုင်းကတည်းက မြန်မာနိုင်ငံရဲ့ ဧရိယာ အတွင်းမှာ ပါဝင်ပြီးသားဖြစ်နေတဲ့ တနင်္သာရီဒေသ ဟာ ခေတ်အဆက်ဆက် ဗဟိုရ် အစိုးရနဲ့ အလှမ်း ဝေးတဲ့ နေရာမှာ ရှိနေခဲ့လေတော့ ပြည်တွင်း ရေး မငြိမ်မသက် ဖြစ်နေတဲ့အချိန် များ၊ အချင်းချင်း အား ပြိုင်ပြီး သူတစ်လူ ငါတစ်မင်း ဖြစ်နေကြတဲ့ အချိန် များမှာ အိမ်နီးချင်း တဖက်နိုင်ငံရဲ့ ဝင်ရောက် ချုပ် ကိုင်မှုများကို မကြာခဏ ဆိုသလို ခံရလေ့ ရှိတယ်။
အဲဒီလို ယိုးဒယားတို့ ဝင်ရောက်အုပ်စိုး ခဲ့တာတွေ
က ခဏတာ အချိန်တွေလည်း ရှိတယ် မြို့ပြတွေ တည်ထောင်ပြီး အတည်တကျ နေထိုင်ကြတဲ့အထိ အချိန်ကာလ ကြာမြင့်စွာ အုပ်စိုးခဲ့တာမျိုး လည်း ရှိခဲ့တယ်။
အခုလက်ရှိ မြိတ်မြို့ကိုပဲ ယိုးဒယားတွေက အေဒီ ၁၅၃၃ ခုနှစ်ခန့်မှာ ဆိပ်ကမ်းမြို့ အဖြစ်တည်ခဲ့ ပြီး အနီးအနား ဒေသတစ်ခုလုံးကို အုပ်စိုး ချုပ်ကိုင် ထားခဲ့တယ်လို့ ပါးစပ်ရာဇဝင်လာ စာ စကားတွေ ရှိခဲ့ တယ်။
ပင်လယ်ဝကနေ တနင်္သာရီမြို့ကို ဆက်သွယ်သွား လာတဲ့ မြစ်ကြောင်းတလျှောက် သောင်တွေ ထွန်း လာပြီး ကုန်သင်္ဘောများ သွားလာရ ခက်ခဲလာ တယ် အဲဒီအချိန်က အုပ်စိုး နေခဲ့တဲ့ ယိုးဒယားတွေ ဟာ အခု လက်ရှိ မြိတ်မြို့နေရာမှာကို သင်္ဘော ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ အဖြစ် မြို့သစ် တစ်မြို့ ကို ပြောင်းရွှေ့ တည်ထားခဲ့တယ်လို့ ဆိုပါ တယ်။
အဲဒီ ဒေသက လူတွေဟာ ကုန်းတွင်း ပိုင်း သွား လာ မှုများနဲ့ ကုန်ကူးသန်းကြတဲ့ အခါများမှာ မြင်း တွေ ကို အဓိက အသုံးပြုပြီး သွား လာခဲ့ပုံ ရတယ် လို့ တချို့သုတေသီတို့က ယူဆကြပါတယ်။
ဒါကြောင့်မို့ ယိုးဒယား တို့ဟာ မြင်းတွေပေါတဲ့ ဒေသ၊ မြင်းချည်တောင် ( ခယ်တောင်) ရှိတဲ့နေရာ မှာ သူတို့ အသစ်တည်ထောင် လိုက်တဲ့မြို့ကို မာရိတ် (မြင်းချည်တိုင်) ဆိုတဲ့ နာမည် တွင်စေ ခဲ့ တယ် လို့ ဆိုတယ်။
၁၁၂၄ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၇ ရက် နေ့မှာ အလောင်းမင်းတရားက ယိုးဒယားတို့ အမည်ပေးခဲ့တဲ့ မာရိတ် ဆိုတဲ့ မြို့နာမည်ကို ဖျက် သိမ်းပြီး မြိတ်မြို့ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ တယ် အဲဒီအချိန်မှာ မြို့ဝန်ဖြစ်နေသူက ဥဒိန်ကျော် ဒါကတော့ ယိုးဒယားတို့ စတည်ခဲ့တဲ့ မာရိတ် မြို့ ကနေ အခုချိန် ထိ ခေါ်ဆိုနေကြတဲ့ မြိတ်မြို့အဖြစ် ပြောင်းလဲလာပုံ သမိုင်းကြောင်းနဲ့ တချို့ သုတေသီ တို့ရဲ့ ယူဆချက်တွေပါ။
ဒီအဆိုက ချော်ထွက်နေသလိုပါပဲ သရေခေတ္တရာနဲ့ ခေတ်ပြိုင် ဆိပ်ကမ်းမြို့ အဖြစ် ရှိနေတာကို မွန် ရာဇဝင် သမိုင်းတို့မှာ ပြထားတာ တွေ့ရပါတယ် အခြား အထောက် အထား များစွာ ရှိပါသေးတယ် အထက် က ဆိုစကားကို လွဲနေတယ် ဆိုတာ သိ သာရုံ ပြပေး တဲ့ သဘောပါ
တကယ်တော့ ယိုးဒယားတို့ မရောက်ခင် ကတည်း က မြိတ်မြို့ ဖြစ် လာမယ့် နေရာမှာ ဒေသခံများနဲ့ ကူးသန်း ရောင်းဝယ်ကြသူများ အခြေချ နေထိုင်မှု များ ရှိနေပြီးသားဆိုတာ ခေတ်ဦးသမိုင်းဆိုင်ရာ တွေ့ရှိချက် အထောက်အထားတွေက သက်သေခံ
နေပါတယ်
သက္ကရာဇ် ၁၁၂၁ ခုနှစ်မှာတော့ တတိယ မြန်မာ နိုင်ငံကို စုစည်းတည် ထောင်ခဲ့တဲ့ အလောင်းမင်း တရားကြီးဟာ မာရိတ်မြို့ အပါအဝင် တနင်္သာရီ ဒေသကြီး တစ်ခုလုံးကို တိုက်ခိုက် သိမ်းယူခဲ့တယ် တယ်။
ယိုးဒယားတို့ တည်သွားခဲ့တဲ့ မာရိတ်မြို့ကို မြန်မာ တို့ပြန်လည် တိုက် ခိုက်အရယူခဲ့ပြီး နောက်ပိုင်း ကုန်းဘောင် ခေတ် မင်းအဆက်ဆက်မှာ မြန်မာမြို့ စားတွေကို ခန့်ထားပြီး အုပ်ချုပ်ခဲ့တယ်။
ဆလုံ တိုင်းရင်းသားတို့ရဲ့ မ္လိတ် တနင်္သာရီ ကမ်းရိုး တန်းဒေသ အတွင်းက မြိတ်ကျွန်းများမှာ နေထိုင် ကြ တဲ့ ဆလုံတိုင်းရင်းသားများက မြိတ်မြို့ ကို မ္လိတ် ဆိုပြီး ခေါ်တယ်။ ဆလုံတိုင်းရင်းသားများ ခေါ် နေတဲ့ မ္လိတ် ရဲ့ အဓိပ္ပာယ်ဟာ မြို့လို့သာ အနက် ရပြီး တခြား ထွေထွေထူးထူး အဓိပ္ပာယ် မထွက်ဘူး ပါ ဘူး။
မြိတ် ဆိုတဲ့ စကားလုံးရဲ့ သမိုင်းနောက် ကြောင်းကို လေ့လာကြည့်ရမှာ ယိုးဒယား တွေ နာမည်ပေး ခဲ့ တယ် ဆိုတဲ့ မာရိတ်နဲ့ ဆလုံတိုင်းရင်းသားတွေ ခေါ် နေတဲ့ မ္လိတ် ဆိုတဲ့ နာမည်နှစ်မျိုးကို တွေ့ရပါ တယ်။
ဒါကြောင့် ဒီနာမည်နှစ်ခုမှာ ဘယ်နာမည် က ပိုပြီး ရှေးကျသလဲ ဆိုတာနဲ့ ဘယ်ဟာက ပိုပြီး ယုတ္တိတန် တယ် ဆိုတဲ့ အချက် တွေကို ဆန်းစစ် သင့်တယ် လို့ အချို့သုတေသီတွေက ဆိုမိန့် ကြ တယ်။
တနင်္သာရီဒေသကို ယိုးဒယားတို့ ရောက်လာခဲ့တာ ဟာ အေဒီ ၁၄ရာစု ထက် လုံးဝ မစောနိုင်ဘူးလို့ သုတေသီ များက ယူဆကြပါတယ်။
ဘာကြောင့် လဲဆိုတော့ ယိုးဒယားတွေဟာ တောင် ပိုင်းကို အလုံးအရင်းနဲ့ ရောက်လာကြပြီး အင်အား တောင့်တင်းတဲ့ ပထမဆုံး မင်းနေပြည်တော် အယုဒ္ဓယမြို့ကို အေဒီ ၁၃၅၁ ခုနှစ်မှာမှ တည် ဆောက်နိုင်ခဲ့ တာဆိုတော့ အဲဒီအချိန် ထက် စော ပြီး ဘယ်နည်းနဲ့မှ မြန်မာ နယ်မြေဘက်ကို ရောက် မလာနိုင်ဘူးလို့ ယူဆရလို့ပါပဲ။
ဒီတော့လည်း ယိုးဒယားတို့ မြန်မာ နယ်ထဲကို ရောက်လာပြီး သူတို့ဘာသာ စကားနဲ့ မှည့်ခေါ်သွား ခဲ့တဲ့ မာရိတ်ဆိုတဲ့ နာမည်ကလည်း အေဒီ ၁၄ ရာစု ထက် စောနိုင်စရာအကြောင်း မရှိဘူးလို့ ကောက် ချက်ချ ကြပါတယ်။
မြိတ်ကျွန်းစု ဒေသတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဆလုံတိုင်းရင်းသားတို့ရဲ့ မူလ အမျိုးအနွယ်တွေ ဟာ အရှေ့တောင် အာရှတစ်ခုလုံးရဲ့ ဒုတိယ ရှေး ကျဆုံး အမျိုးနွယ်တွေဖြစ်ကြတယ်လို့ သိရပါ တယ်။ ဆလုံတိုင်းရင်းသားတို့ရဲ့ ဘာသာစကားမှာ လည်း ဩစတြစ် အနွယ် ဝင် ရေပိုင်း နေသူတို့ရဲ့ ဘာသာ စကားများ ပါဝင်နေပြီး တော်တော်ကို ရှေး ကျတယ် လို့ ဆိုပါတယ်။
အဲဒီတော့ သမိုင်းမတိုင်မီ အချိန်တွေကတည်းက တနင်္သာရီကမ်း ရိုးတန်းဒေသမှာ နေထိုင် ပြီးသား ဖြစ်နေ ပြီး သူတို့ မှည့်ခေါ်ခဲ့တဲ့ မ္လိတ်ဆိုတဲ့ နာမည် ဟာ တော်တော်ကို စောတယ်လို့ ဆိုရမှာပါ။
တစ်နည်းအားဖြင့် ယိုးဒယား တွေ နာမည်ပေးခဲ့တဲ့ မာရိတ်ထက် အများကြီးစောပြီး မ္လိတ် ဆိုတဲ့နာမည် ဟာ မူလကတည်းက ရှိနေခဲ့တယ်လို့ မှတ်ယူ ရမှာ ဖြစ်ပါတယ်။
ယိုးဒယားများ ရောက်လာတဲ့အချိန်မှာ မြင်းချည် တိုင်တွေ နေရာတိုင်းမှာရှိနေတာမို့ မြင်းချည် တိုင် လို့ အဓိပ္ပာယ်ရတဲ့ မာရိတ် ဆိုပြီး နာမည်မှတ်ခဲ့ တယ် ဆိုတဲ့ အယူအဆက ယုတ္တိ မတန်ဘူးလို့ ဆို ရ မှာပါ။ ယိုးဒယားတို့ရဲ့ မာရိတ်မြို့ကို မြန်မာတွေ ပြန်ရပြီး နောက်ပိုင်း မြိတ်မြို့ ဆိုပြီး နာမည် ပြောင်း လဲ သတ်မှတ်ရာမှာလည်း မာရိတ် ဆိုတဲ့ အသံ ထွက်ကို မှီးယူတာ မဖြစ်နိုင်ပါဘူး။
အကုသိုလ် ကတော့ ဒီအကြောင်းကို ဖတ်တော့ ပြုံး မိပါတယ် ဘာကြောင့်လဲဆို မြန်မာပြည်တွင်း သမိုင်း ရာဇဝင်တွေကို ကြည့်လိုက်ရင် မွန်ကနေ လာတာပါ ကရင်ကနေလာတာပါ တရုတ်ကနေ လာတာ စသဖြင့် နီးစပ်ရာ ဝေါဟာရတွေကို ယူယူ ပြလေ့ ရှိတတ်လွန်းလို့ပါ
အခု အကုသိုလ် မြိတ် ဆိုတဲ့ စကား ဘယ်က လာ လဲ ဘာစာလဲ ဆိုတာ ရှင်းနေအောင် ပြပေးပါ မယ်
ကဲ ကြည့်ရအောင်
မ္လ္လိတ် = မာရိတ်= မြိတ်
ဒီစကားလုံး သုံးလုံးဟာ အတူတူပါပဲ တမျိုးတည်း
ကို ခေတ်အလိုက် စာပေပြောင်းလဲပုံအရ အစီ အစဉ်အတိုင်း ဆင်းသက်လာတာတွေပါ
ရှင်းရှင်းပြောရင် ရှေးမြန်မာစာ ထားဝယ်စာ ထား ဝယ် စကားကို ပျူစာ ပျူဘာသာစကား လို့ ခေါ် နေ ကြတဲ့ မြန်မာစာ မြန်မာအခေါ် စစ်စစ်ကြီး တွေပါ
အရေးအသားပိုင်း ကြည့်ရင် စာရေးသားတာက မ္လိတ် မာရိတ် ဆိုတာတွေမှာ မ္လိတ် ကတော့
စာလုံးပေါင်း အမှန် ရှေးရေးထုံး အမှန်ပါ
မာရိတ် ဆိုတဲ့ အရေးက ပုဒ်ပျက် (သို့) အသံ အတိုင်း လိုက်ရေးတဲ့ ဝေါဟာရပါ ဘယ်လိုလဲ ဆို တာ ကြည့်ရအောင်
မာရိတ် (R) ရကောက်နဲ့ ရိ လို့ ခေါ်တဲ့ အသံကို
ပီသအောင် ရ ကို ထည့်သုံးထားတာ ဖြစ်ပါတယ် ယ ပက်လက်နဲ့ ရေးတဲ့ အခါ ယိ ဆိုတဲ့ အသံပဲ ရ ပါတယ် ယ နဲ့ မသုံး ရ နဲ့ သာ သုံးတယ် ဆိုတာ မ္လိတ် ဆိုတာက လဆွဲ သံကို ထင်ရှားစေလိုလို့ ရ ကို သုံးပြီး ရေးထားခြင်း ဖြစ်ပါတယ်
လဆွဲသံပါတဲ့ ရှေးမြန်မာ စကားကနေ ခေတ်မြန်မာ စကားအဖြစ် ပြောင်းလဲမှုဖြစ်စဉ်မှာ အောက်က လဆွဲဟာ (ြ -) အဖြစ် ပြောင်းလဲသွားတဲ့ သာဓက တွေ ထင်ထင်ရှားရှား ရှိပါ တယ်။
ထားဝယ်စကား၊ မြိတ် စကားတို့ မှာပါဝင်နေတဲ့ လ ဆွဲသံပါ ရှေးမြန်မာ စကားလုံးများ ပြောင်းလဲပုံတွေ ဖြစ်နေလို့ပဲ ဖြစ်ပါ တယ်။
ဒါကြောင့် မ္လိတ်ဆိုတဲ့ စကား လုံးမှာ တွေ့ရတဲ့ အောက်က လဆွဲဟာ (ြ -) အဖြစ်သို့ ပြောင်းသွား ပြီး မ္လိတ် ကနေ မြိတ်ဖြစ်လာတယ်
အချုပ်ပြောရင် ယိုးဒယားတို့ဟာ ခုလက်ရှိ မြိတ်မြို့ နေရာမှာ မြို့သစ် တည်ခဲ့တယ်။ မြို့နာမည်ကို လည်း အဲဒီ အချိန်က ဒေသခံတွေခေါ်နေတဲ့ မ္လိတ် ဆိုတဲ့ နာမည်ကိုပဲ အခြေခံလို့ ယိုးဒယား အသံ ထွက် နဲ့ မာရိတ် ဆိုပြီး အမည် ပေးခဲ့တယ်။
ကုန်းဘောင်ခေတ် မြန်မာ မင်းများ ပြန်လည် သိမ်း ပိုက်ပြီးတဲ့နောက်မှာ အဲဒီမြို့ကို မြိတ်မြို့ ဆိုပြီး နာ မည် ပြောင်းလဲ သတ်မှတ်ခဲ့တယ်။
နာမည် ပြောင်းလဲသတ်မှတ်ရာမှာလည်း ယိုးဒယား တို့ရဲ့ မာရိတ်ကို အခြေခံပြီး ပြောင်းလဲ တာ မဟုတ် ပါဘူး မူလဌာနေ တိုင်းရင်းသား စာစကားအတိုင်း ခေါ်ဆိုခဲ့ခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြ အပ်ပါသည်
အရှင်အကုသိုလ်
ကိုးကား
တနင်္သာရီ မြိတ်ရာဇဝင်တော်ကြီး ပထမတွဲ
မ္လိတ် လား မာရိတ်လား (ဗိုလ်မှူးဘရှင်)
ဓာတ်ပုံက ပြောသော မြိတ်သမိုင်း မှတ်တိုင်များ (မောင်ပြေချမ်း – မြိတ်)
မြိတ်မြို့နယ်အသင်း နှစ်တစ်ရာ ပြည့် အထိမ်း အမှတ် မဂ္ဂဇင်း
စစ်ရေး နိုင်ငံရေး လူမှုရေးဆိုင်ရာ သမိုင်းစာတမ်း များ (ဗိုလ်မှူးဘရှင်)


No comments:

Post a Comment

မင်္ဂလာပါ..