Android ဖုန်းရဲ့ လုပ်ဆောင်ပုံလျှင်မြန်စေမယ့် အလွယ်ကူဆုံးနည်းလမ်း
ဘယ်လိုဖုန်းမျိုးပဲဖြစ်ဖြစ် အခန့်မသင့်ရင် ဟန်းပြီးလေးသွားတတ်ပါတယ်။
အဲဒီလို ဖုန်းလေးနေတာဟာ တကယ်ပဲစိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းပါတယ်။
အဲဒီလို ဖုန်းဟန်းပြီး မလေးစေဖို့အတွက် Android ဖုန်းတွေရဲ့ လုပ်ဆောင်ပုံလျှင်မြန်စေမယ့် နည်းလမ်းတွေ အတော်များများရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲကမှ လုပ်ရတာလည်းလွယ်ကူပြီး ဘာ Application အကူအညီမှလည်း မလိုတဲ့နည်းလမ်းတစ်ခုကို ပရိသတ်တွေအတွက် ဝေမျှပေးချင်ပါတယ်။
ဒီနည်းလမ်းကတော့ ဖုန်းရဲ့ Animation Scale လို့ခေါ်တဲ့ Pop up တစ်ခုနဲ့တစ်ခုကြား ပေါ်တဲ့ပုံစံလျှင်မြန်အောင်လုပ်တဲ့ စွမ်းဆောင်ရည်ကို ပိတ်ထားခြင်းဖြင့် ဖုန်းရဲ့အခြားလုပ်ဆောင်ချက်တွေ လျှင်မြန်လာစေမယ့် နည်းလမ်းပဲဖြစ်ပါတယ်။
setting ထဲမှာ About Phone ကိုရှာပါ။ တွေ့ရင် နှိပ်လိုက်ပါ။
About Phone ထဲမှာ Build Number ဆိုတာကို ရှာပါ။ တွေ့ရင် build number ဆိုတာကို ၇ ချက် နှိပ်ပေးပါ။
အဲဒီလို နှိပ်လိုက်ရင် Developer Option ပွင့်သွားတာကိုတွေ့ပါလိမ့်မယ်။
About Phone ထဲကနေပြန်ထွက်ပါ။ အခုဆိုရင် Setting ထဲမှာ Developer Option ဆိုတာကိုတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။
ပြီးရင် Window Animation Scale ဆိုတာကိုရှာပါ။ တွေ့ပြီဆိုရင် off ပေးလိုက်ပါ။
ဒါဆိုရင် ပြီးသွားပါပြီ။ အခုဆိုရင် ဖုန်းက အရင်ထက် လျှင်မြန်ပြီး ပေါ့ပါးသွားတာကိုတွေ့ရပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
Ref : androidpit.com
ပြီးရင် Window Animation Scale ဆိုတာကိုရှာပါ။ တွေ့ပြီဆိုရင် off ပေးလိုက်ပါ။ွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
nice post
ReplyDeletebest mobile under 15000