menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Domain အကြောင်း


Domain အကြောင်း သေချာ နားလည်ချင်ရင်တော့ www.myanmardomain.com နဲ့ www.yangodomain.com တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....လုပ်ငန်း တခု website လုပ်တော့ မယ်ဆို ကိုယ်ပိုင် Domain မရှိလို့ မရပါဘူး... Domain ဟာ လုပ်ငန်း တခုအတွက် အရေးပါပါတယ်.....

 မြန်မာနိုင်ငံ၏အဖက်ဖက်တိုးတက်ပြောင်းလဲလာမှုနှင့်အတူ မြန်မာအမည်ဖြင့် Website များသည်လည်း အများအပြား ထွက်ပေါ်လာကြသည်။ Website တစ်ခုဖြစ်ပေါ်ဖို့ရန်အတွက် အခြေခံအားဖြင့် Domain Name, Hosting and Web Design (Content) ပာူသော အဓိက အချက် ၃ ချက်ရှိရန်လိုအပ်ပါသည်။

Domain Name ဆိုသည်မှာ Internet ပေါ်တွင်ရှိသော တစ်စုံတစ်ဦး၏ ကိုယ်ပိုင်လိပ်စာပင်ဖြစ်သည်။ အချို့က Internet ပေါ်ရှိ Real Estate ပာုပင်တင်စားကြသည်။

com, .net, .org နှင့် .biz တို့မှာ Domain Extension အများအပြားရှိသည့်အနက် ပေါ်ပြူလာအဖြစ်ဆုံး Generic Top Level Domain (gTLD) များပင်ဖြစ်သည်။ Domain အမည် ရွေးချယ်မည်ဆိုလျှင် ယေဘူယျအားဖြင့်-

၁။ တိုရမည်။ ပို၍တိုသောအမည်သည်ပို၍ မူရင်းကျသည် ပာု ယေဘူယျအားဖြင့်ယူဆကြသည်။ ဥပမာ၊ www.example.com သည် www.examples.com ထက်ပို၍ မူရင်းကျသည်။




၂။ မိမိလုပ်ငန်း/ရည်ရွယ်ချက်ကို အကောင်းဆုံး ထိထိမိမိ ကိုယ်စားပြုနိုင်ရမည်။ ဥပမာ။ www.myanmarpiling.com သည် မြန်မာနိုင်ငံရှိ (သို့) မြန်မာလူမျိုးများထူထောင်ထားသော Piling လုပ်ငန်းဆိုသည်ကို မြင်ရုံဖြင့်သိနိုင်သည်။




၃။ သကေ်တနှင့် ဂဏန်းများ ဖြစ်နိုင်သမျှ မပါစေရန်ဂရုပြု ရွေးချယ်ပါ။




၄။ ပေါ်ပြူလာ extension (.com, .net, .org, .biz) တို့ကိုသာ ဦးစားပေးရွေးချယ်ပါ။ .com ရနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။




၅။ မိမိ၏ အမှတ်တံဆိပ်နှင့်ဆိုင်သော အမည်ကွဲ နှင့် ဆင်တူရိုးမှားအမည်များ ကိုလည်း protect လုပ်ထားပါ။ (ဥပမာ၊ Shwe Taung Group ဆိုပါစို့။ www.shwetaung.com သည် အကောင်းဆုံးဖြစ်ပြီး www.shwetaunggroup.com သည် ဒုတိယဦးစားပေးအနေဖြင့် protect လုပ်သည့်အနေဖြင့် ယူထားသင့်သည့် အမည်ဖြစ်သည်။ အခြားသော www.shwetaung.net ကဲ့သို့သော extension များကိုလည်း protect လုပ်ထားသင့်သည်။

ယနေ့မြန်မာ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းအများ အပြားတု့ိ၏ Domain အမည်ရွေးချယ်မှူများမှာ လွဲချော်လျက်ရှိ ကြသည်။ မြန်မာအမည် Premium Domain ပေါင်း ၂၀၀၀ ကျော် ခန့်ကို www.myanmardomain.com နှင့် www.yangondomain.com ဝဘ်ဆိုဒ်များပေါ်၌ သွားရောက် လေ့လာနိုင်ပါသည်။

ကျနောတို့လို မသိသေးသူများ အတွက်ဗဟုသုတမျှဝေတာပါ။


Domain အေၾကာင္း ေသခ်ာ နားလည္ခ်င္ရင္ေတာ့ www.myanmardomain.com နဲ႔ www.yangodomain.com တုိ႕မွာ ဝင္ေရာက္ေလ့လာႏုိင္ပါတယ္.....လုပ္ငန္း တခု website လုပ္ေတာ့ မယ္ဆုိ ကုိယ္ပုိင္ Domain မရွိလုိ႕ မရပါဘူး... Domain ဟာ လုပ္ငန္း တခုအတြက္ အေရးပါပါတယ္.....


ျမန္မာႏိုင္ငံ၏အဖက္ဖက္တိုးတက္ေျပာင္းလဲလာမွဳႏွင့္အတူ ျမန္မာအမည္ျဖင့္ Website မ်ားသည္လည္း အမ်ားအျပား ထြက္ေပၚလာၾကသည္။ Website တစ္ခုျဖစ္ေပၚဖို့၇န္အတြက္ အေျခခံအားျဖင့္ Domain Name, Hosting and Web Design (Content) ပာူေသာ အဓိက အခ်က္ ၃ ခ်က္ရွိရန္လိုအပ္ပါသည္။

Domain Name ဆိုသည္မွာ Internet ေပၚတြင္ရွိေသာ တစ္စံုတစ္ဦး၏ ကုိယ္ပိုင္လိပ္စာပင္ျဖစ္သည္။ အခ်ဳိ့က Internet ေပၚရွိ Real Estate ပာုပင္တင္စားၾကသည္။

com, .net, .org ႏွင့္ .biz တုိ့မွာ Domain Extension အမ်ားအျပားရွိသည့္အနက္ ေပၚျပဴလာအျဖစ္ဆံုး Generic Top Level Domain (gTLD) မ်ားပင္ျဖစ္သည္။ Domain အမည္ ေရြးခ်ယ္မည္ဆိုလွ်င္ ေယဘူယ်အားျဖင့္-

၁။ တိုရမည္။ ပို၍တိုေသာအမည္သည္ပို၍ မူရင္းက်သည္ ပာု ေယဘူယ်အားျဖင့္ယူဆၾကသည္။ ဥပမာ၊ www.example.com သည္ www.examples.com ထက္ပုိ၍ မူရင္းက်သည္။

၂။ မိမိလုပ္ငန္း/ရည္ရြယ္ခ်က္ကို အေကာင္းဆံုး ထိထိမိမိ ကိုယ္စားျပဳႏိုင္ရမည္။ ဥပမာ။ www.myanmarpiling.com သည္ ျမန္မာနုိင္ငံရွိ (သို့) ျမန္မာလူမ်ိဳးမ်ားထူေထာင္ထားေသာ Piling လုပ္ငန္းဆိုသည္ကို ျမင္ရံုျဖင့္သိႏိုင္သည္။

၃။ သေက္တႏွင့္ ဂဏန္းမ်ား ျဖစ္ႏိုင္သမွ် မပါေစရန္ဂရုျပဳ ေရြးခ်ယ္ပါ။

၄။ ေပၚျပဴလာ extension (.com, .net, .org, .biz) တုိ့ကိုသာ ဦးစားေပးေရြးခ်ယ္ပါ။ .com ရႏိုင္လွ်င္ အေကာင္းဆံုး ျဖစ္သည္။

၅။ မိမိ၏ အမွတ္တံဆိပ္ႏွင့္ဆိုင္ေသာ အမည္ကဲြ ႏွင့္ ဆင္တူရုိးမွားအမည္မ်ား ကိုလည္း protect လုပ္ထားပါ။ (ဥပမာ၊ Shwe Taung Group ဆိုပါစို့။ www.shwetaung.com သည္ အေကာင္းဆံုးျဖစ္ျပီး www.shwetaunggroup.com သည္ ဒုတိယဦးစားေပးအေနျဖင့္ protect လုပ္သည့္အေနျဖင့္ ယူထားသင့္သည့္ အမည္ျဖစ္သည္။ အျခားေသာ www.shwetaung.net ကဲ့သို့ေသာ extension မ်ားကိုလည္း protect လုပ္ထားသင့္သည္။

ယေန့ျမန္မာ ကုမၸဏီႏွင့္ စီးပြားေရးလုပ္ငန္းအမ်ား အျပားတု့ိ၏ Domain အမည္ေရြးခ်ယ္မွဴမ်ားမွာ လြဲေခ်ာ္လ်က္ရွိ ၾကသည္။ ျမန္မာအမည္ Premium Domain ေပါင္း ၂၀၀၀ ေက်ာ္ ခန့္ကို www.myanmardomain.com ႏွင့္ www.yangondomain.com ၀ဘ္ဆိုဒ္မ်ားေပၚ၌ သြားေရာက္ ေလ့လာႏိုင္ပါသည္။
က်ေနာတို႔လို မသိေသးသူမ်ား အတြက္ဗဟုသုတမ်ွေဝတာပါ။

No comments:

Post a Comment

မင်္ဂလာပါ..