menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Gmail (or) Email



အင်တာနက် အသုံးပြုနေသူများ၊ Email အသုံးပြုနေသူ များထဲတွင် Email, Gmail နှင့် အဓိပ္ပါယ် နားလည်မှု လွဲနေတာလေးတွေ တော်တော်များများ တွေ့နေရပါတယ်။
"ကျွန်တော်က Email မသုံးဘူး၊ Gmail သုံးတာ .. Gmail နဲ့ပဲ ပို့လိုက်ပါ" တဲ့ .... ဆိုတာတွေပေါ့။
ဒါကြောင့် အင်တာနက် နှင့် ကွန်ပျူတာ နည်းပညာ များကို စတင်လေ့လာနေသူများ၊ အီးမေးလ် နှင့် အလုပ် ကိစ္စဆောင်ရွက်နေသူများ အတွက် Email နှင့် ပတ်သက်တဲ့ အခြေခံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။


Email
••••••••
Email (သို့်) E-mail ဆိုတာ Electronic Mail ကို အတို ချုံ့ထားတာပါ။ အီလက်ထရောနစ် စာပို့စနစ် ဖြစ်ပါတယ်.
မိမိတွင် Email လိပ်စာ ရှိပါက အင်တာနက် ဆက်သွယ် မှုမှတဆင့် တခြားလက်ခံသူဘက်သို့ ဒီဂျစ်တယ် နည်းပညာဖြင့် စာပို့ခြင်း ဖြစ်ပါတယ်။ လက်ခံသူ၌လည်း Email လိပ်စာ ရှိရပါမယ်။
Email သည် Online ဖြစ်သဖြင့် စာများကို ချက်ချင်း ပို့လွှတ်ခြင်း၊ လက်ခံယူခြင်းများအား လျင်မြန်စွာ ဆောင် ရွက်နိုင်ခြင်း၊ တစ်ချိန်တည်း အကြောင်းအရာတစ်ခုအား လက်ခံမည့်သူ အများအပြားသို့ ပေးပို့နိုင်ခြင်း၊ စာများ သာမက ရုပ်ပုံများ အခြားဖိုင်များကိုလည်း ပူးတွဲ ပေးပို့ နိုင်ခြင်း၊ မိမိလက်ခံရမည့် စာအား အင်တာနက် ချိတ်ဆက်ထားသည့် မည်သည့်နေရာတွင်ရှိ မည်သည့် Computer, Smart Phone, Tablet မှမဆို လက်ခံ နိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းများကြောင့် Email ကို ဆက်သွယ်ရေး ကိရိယာအဖြစ် တွင်ကျယ်စွာ အသုံး ပြုနေကြပါသည်။
အခမဲ့သုံးနိုင်သော Web Based Email ၀န်ဆောင်မှုများ
--------------------
>> Gmail
>> Hotmail
>> Yahoo mail
>> iCloud mail. စသဖြင့် များစွာ ရှိပါတယ်။
Gmail
---------
Google ရဲ့ Email ၀န်ဆောင်မှုတစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံမှာရော တစ်ကမ္ဘာလုံးက အင်တာနက် အသုံးပြုသူ အားလုံးနီးပါး ရင်းနှီးပြီးသား Email အမျိုးအစား တစ်ခု ဖြစ်ပါတယ်။
အချက်အလက်သိုလှောင်နိုင်မှု ပမာဏကို 15 GB အထိ အခမဲ့ ပေးထားပါတယ်။
အီးမေးလ်လိပ်စာ ပုံစံက...
username@gmail.com ဖြစ်ပါတယ်။
Hotmail/ Windows Live
---------------
Microsoft က ပေးတဲ့ Email ၀န်ဆောင်မှု တစ်ခုပါ။
အချက်အလက် သိုလှောင်နိုင်မှု - 5 GB ရှိပါတယ်။
username@hotmail.com
username@live.com
Yahoo Mail
----------------
Yahoo! ရဲ့ Email ၀န်ဆောင်မှုပါ။
1 TB (1024 GB) ရှိတဲ့ သိုလှောင်နိုင်မှု ပမာဏ များစွာ ပေးထားပါတယ်။
username@yahoo.com
usernmae@ymail.com
Gmail, Hotmail, Yahoo mail စသဖြင့် မည်သည့် Email သုံးသည်ဖြစ်စေ ၎င်းတို့အချင်းချင်း အပြန်အလှန် ပေးပို့လက်ခံနိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ Gmail ကို အသုံးအများဆုံး ဖြစ်ပါတယ်။ Gmail Account တစ်ခု ရရှိရန် မိမိကိုယ်တိုင်
www.gmail.com မှ Register လုပ်နိုင်ပါသည်။

No comments:

Post a Comment

မင်္ဂလာပါ..