ရေခဲသေတ္တာထဲမှ အနံ့အသက်ပျောက်အောင် လုပ်နည်း
++++++++++++++++
ခုတလော ကျွန်တော်အရမ်းအလုပ်များနေလို့ စာမရေးနိုင်ပါ။
ဘလော့ကိုခုမှဖွင့်ဖြစ်လို့ cbox မှာ မေးထားတာလေး ကသုတ်ကရက်ဖြေလိုက်ပါတယ်။
ရေခဲသေတ္တာထဲမှာ နံနေရင် -
၁။ ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကိုချွတ်ပါ။
၂။ အထဲမှာရှိတဲ့ အစားအသောက်အားလုံးကို ထုတ်လိုက်ပါ။
၃။ ရေခဲသေတ္တာထဲက စင်တွေ၊ အောက်ဆုံးက အသီးအရွက်ထည့်တဲ့ ဇလားတွေ ကို အပြင်ထုတ်လိုက်ပါ။
၄။ ဆပ်ပြာမှုံ့ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ်ပုဝါသေးသေးလို ပျော့ပြောင်းနူးညံ့တဲ့ အဝတ်စမှာဆွတ်။
၅။ ရေခဲသေတ္တာ အတွင်းပိုင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ။ အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝပြောင်သွားတဲ့ထိ သုတ်ပါ။
၆။ အားလုံးပြီးသွားရင် အနံ့ပျောက်စေတဲ့ အောက်ပါ ပစ္စည်းတစ်မျိုးမျိုးကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ။ အနံ့ပျောက်ပြီဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ။
က) မီးသွေးသန့်သန့်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
ခ) ကွေကာအုတ်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
ဂ) ကော်ဖီမှုန့်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
ဃ) ရှာလကာရည်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
င) ဘိတ်ကင်းဆိုဒါ (Baking Soda) နဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ဖြူးပေးပါ။ နောက်ပြီး ဆိုဒါ အထုပ်လိုက်ထည့်ထားပါ။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
မင်္ဂလာပါ..