menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
ကလေးတွေကို Password ခံထားကြစို့ (( ဖြစ်ရပ်မှန် ))
ကျောင်းသူလေးတစ်ယောက်ဟာ ကျောင်းကအပြန် လူစိမ်းတစ်ယောက်ရဲ့ လာရောက်ခေါ်ဆိုမှုကို ခံရတယ်..။
လူစိမ်းက "သမီးအမေ အိမ်မှာ တစ်ခုခုဖြစ်နေလို့ ဒီနေ့လာမကြိုနိုင်ဘူး အဲ့ဒါကြောင့် ငါလာကြိုတာ ငါနဲလိုက်ခဲ့ပါ" ဆိုပြီး ခေါ်ဆောင်ခြင်းကို ခံရတယ်..။
ခုလိုခေါ်ဆောင်မှုကို ခံလိုက်ရတဲ့ အချိန်မှာ ကောင်မလေးက ချက်ချင်းပဲ လူစိမ်းကို စကားတစ်ခွန်းပြန်မေးလိုက်ပါတယ်..။
(( Password == လှို့ဝှက်နံပါတ် )) ပြောပါတဲ့။ အဲ့လိုအမေးခံလိုက်ရတဲ့ လူစိမ်းဟာ ရုတ်တရက်ပြန် အမေးခံလိုက်ရတော့ ဘာပြောလို့ပြောရမှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်နေတုန်းမှာပဲ ကောင်မလေးဟာ ထွက်ပြေးသွားပါတော့တယ်..။
တကယ်တော့ ကောင်မလေးနဲ့ သူ့ရဲအမေဟာ
ခုလိုလာမကြိုနိုင်တဲ့ အခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ဖို့အတွက် Password ( ခြားခံလှို့ဝှက်စကား ) ထားရှိထားပြီးဖြစ်ပါတယ်။
ဒီလို Password လေးကပဲ သူမရဲ့ဘဝကို ကယ်တင်နိုငိလိုက်တာပါ...။
ကျနော်တို့ နိူင်ငံမှာလဲ မကြာခဏကလေးတွေပျောက်နေကြတာ အားလုံးအမြင်ပါ..။ ကျနော်တို့အုပ်ထိန်းသူတွေအနေနဲ့ ဒီလို ဥပမာလေးတွေကို သင်ခန်းစာယူပြီး ကိုယ့်ရဲ့ကလေးသူငယ်တွေကို ဒီလိုအသေးအဖွဲလေးကအစ မမေ့မလျော့ပဲ လေ့ကျင့်ထိန်းကျောင်း ပေးထားမယ်ဆိုရင် အနည်းနဲ့အများတော့ ဖြစ်လာမယ့် အန္တရယ်ကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်..။
တကယ်လို့မေ့နေကြတယ်ဆိုရင်လည်း ခုဒီစာလေးကို ဖတ်မိပြီးတာနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ခေါ်ပြီး လုံခြုံရေး Password လေးတွေလုပ်ပေးလိုက်ကြပါလို့ အကြံပြုအပ်ပါတယ် ခင်ဗျာ...။
ရွင်လန်းချမ်းမြေ့ကြပါစေ
Zawgyi
ကြာသာပတေး (ရွှေမြန်မာ)
credit: လွင်ပြင်
No comments:
Post a Comment
မင်္ဂလာပါ..